Writen by
Tachileik News Agency
3:51 AM
-
0
Comments
၂၀၁၃ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(၁၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို မေလ(၂၇)ရက်နေ့ နံနက်(၉) နာရီက တာချီလိတ်မြို့ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည်။ပြိုင်ပွဲသို့ တာချီလိတ်မြို့ပေါ်ရှိ အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အလက(ပုန်းထွန်)၊ အမက (တာလော့)၊ အမက(ရန်အောင်မြေ)ကျောင်းများမှ ကျောင်းသားကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပန်းချီပြိုင်ပွဲတွင် (၁၉)ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၂၀)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၁၈)ဦး၊ ကွန်ပျူတာပန်းချီတွင်(၂)ဦး စုစုပေါင်း(၅၉)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကျင်းပရာသို့ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုရဲမှူး သန်းရွှေနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီများ က ကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်သည်။ အဆိုပါပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများသည် ကျိုင်းတုံမြို့ ပြည်နယ်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်းပေးပို့သူ။ ။ မောင်ဆွေငြိမ်း
ပုံများကိုကြည့်ရန်
5 photos
.jpg)
Social Buttons