Writen by
Tachileik News Agency
2:18 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်၌ ဖွင့်လှစ်ထားသော ပွင့်သစ်စ မူကြိုကျောင်းတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မူလတန်းအကြိုအဆင့် ပညာသင်ယူပြီးမြောက်ကြောင်း အောင်လက်မှတ်များချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၃-ခုနှစ်၊ မေလ(၂၉)ရက်နေ့၊ နံနက်(၁၀)နာရီက ပွင့်သစ်စမူကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ်ဦးစီးမှူး တွဲဘက်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒေါ်ခင်ခင်မြင့် နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ပွင့်သစ်စ မူကြိုကျောင်းအုပ်ကြီး ဒေါ်နန်းပီးယာရီ နှင့် ဆရာမများ ကျောင်းသား/သူများနှင့် မိဘများ စုံစုံလင်လင်တက်ရောက်ခဲ့ကြရာ အခမ်းအနားကို ပွင့်သစ်စမူကြိုကျောင်းသား/သူများက မင်္ဂလာနံနက်ခင်းသီချင်းဖြင့် ဖွင့်လှစ်ပေးခြင်း၊ ပွင့်သစ်စမူကြို ကျောင်းသား/သူလေးများက တေးသရုပ်ဖေါ်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ခဲ့ကြပြီးနောက် ဒေါ်ခင်ခင်မြင့် (တွဲဘက်ပြည်နယ်ဦးစီးမှူး၊လူမှုဝန်ထမ်းရုံး)မှ အဖွင့်အမှာစကား ပြောကြားသည်။
{ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း မှ ပေးအပ်}
{ ဒေါ်ခင်ခင်မြင့် (တွဲဘက်ပြည်နယ်ဦးစီးမှူး၊လူမှုဝန်ထမ်းရုံး)မှ ပေးအပ်}
{ ပွင့်သစ်စမူကြိုကျောင်းအုပ်ကြီး ဒေါ်နန်းပီးယာရီ မှ ပေးအပ်}
ပွင့်သစ်စမူကြိုကျောင်းကို အောက်ဖေါ်ပြပါ ရည်ရွယ်ချက်(၃)ခုဖြင့် ၂၀၀၈-ခုနှစ်ကတည်းမှ စတင်ပြီး ရည်ရွယ်ချက်(၃)ချက်ဖြင့် ဖွင့်လှစ်ခဲ့ရာ ၎င်းတို့၏ ရည်ရွယ်ချက်များမှာ-
၁။ မူကြိုအရွယ် ကလေးသူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ စိတ်ဓါတ်ဘက်စုံဖွံ့ဖြိုးရေးအတွက် စနစ်တကျပြုစု ပျိုးထောင်ပေးရန်။
၂။ ရင်သွေးငယ်များသည် ကလေးသူငယ် ဥပဒေပါ ပြဌာန်းချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန် နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။
၃။ ရင်သွေးငယ်များသည် ကာယ၊ ဥာန၊ စာရိတ္တ၊ စိတ်ဓါတ် နှင့် ဗဟုသုတ
အခြေခံကောင်းများဖြင့် မူလတန်းကျောင်းသို့ ၀င်ရောက်နိုင်စေရန်အတွက် ပျိုးထောင်ပေးရန်တို့ ဖြစ်ကြောင်းသိရှိရသည်။
သတင်းပေးပို့သူ။ ။ သာစည်မျိုးသန့်
ပုံများအားကြည့်ရန်
10 photos






Social Buttons