Latest News

Dropdown Menu

Friday, May 10, 2013

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့မှ ရွာ(၆)ရွာသွားလမ်းအား မြေကြီးအစီး ၁၀၀ ခင်း

ယနေ့ မေလ (၁၀)ရက်နေ့ နံနက်(၉)နာရီခန့်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ကော်မယ်လိတ်ရွာ၊ မယ်လိတ်ပါကော် အလယ်ရွာ၊ မယ်လိတ်ပါကော် ရွာကြီး၊ နာတာဂျိုရွာ၊ မနောရွာ နှင့် လောရှာရှီးရွာ စသည့် ရွာ(၆)ရွာသွား အကွာအဝေး (၁)မိုင် (၆)ဖာလုံရှိ ရွာဝင်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ ထိုင်းဘတ်ငွေ (၂၀၀၀၀)တန်ဘိုးရှိ မြေကြီး အစီး(၁၀၀)အား ကူညီ၍ လမ်းခင်းပေးခဲ့ကြောင်း သိရသည်။



ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်သော ခရိုင်/မြို့နယ်ကော်မတီဝင်များ/ရပ်ကျေးစည်းရုံးရေးမှူးများက အဆိုပါ လမ်းခင်းရာသို့ သွားရောက်ခဲ့ကြပြီး လမ်းပြုပြင်ရာမှာ တက်တက်ကြွကြွ ပါဝင်ကူညီပေးခဲ့ကြကာ လမ်းခင်နေကြသူများဖြစ်တဲ့ ရွာသူ ရွာသားများကိုလည်း အချိုရည်နှင့်မုန့်များ ပေးဝေဒါနပြုခဲ့ကြောင်း သိရသည်။



ထို့နောက် ၎င်းတို့အဖွဲ့သည် မယ်လိတ်ပါကော်ရွာအလယ်၊ ကော်မယ်လိတ်ရွာ၊ မယ်လိတ်ပါကော်ရွာကြီး နှင့် လောရှာရှီးရွာ စသည့် ရွာ(၄)ရွာတို့၌ (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအတွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ဝင်း၏ နေအိမ်တွင် ရပ်/ရွာလူကြီးများနှင့်တွေ့ဆုံပြီး လျှပ်စစ်မီးသွယ်တန်းနိုင်ရေး ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ လျှပ်စစ်မီး ရရှိသွယ်တန်းနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့မှ  ပြည်နယ်လျှပ်စစ်ဝန်ကြီးထံ ပြန်လည်၍ တင်ပြပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်




« PREV
NEXT »