Writen by
Tachileik News Agency
10:21 AM
-
0
Comments
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ (၃၀)ရက်နေ့ နံနက် (၁၀)နာရီက မိုင်းဆတ် - အထက သံလွင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းနေအရွယ်ကလေးများ တစ်ယောက်မကျန် ကျောင်းအပ်နိုင်ရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းကို မကြောက်ဘဲ ကျောင်းနေပျော်အောင် ဆရာ၊ ဆရာမများ ကြိုးစားရေး၊ ကျောင်းနေနှုန်းမြင့်မားအောင် ဆောင်ရွက်ကြဖို့နဲ့ ''စိတ်ထားကောင်းမြတ်၊ ကျင့်ဝတ်လိုက်နာ၊ ပညာထူးချွန် လူရည်မွန်များ မွေးဖွားပေးရာ ကျောင်းတော်သာ'' များ ဖြစ်ကြအောင် ကြိုးစားဆောင်ရွက်သွားကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ က ကျောင်းအပ်နှံရေးနှင့်စပ်လျဉ်းပြီးရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် လှူဒါန်းသော
ဗလာစာအုပ်များကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူးက လည်းကောင်း ပညာရေးဝန်ကြီးဌာနမှ မူလတန်း ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့လှူဒါန်းသော အခမဲ့ဗလာစာအုပ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းသော ငွေကျပ် (၃၀၀၀၀)ကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရှိရသည်။


Social Buttons