Writen by
Tachileik News Agency
2:24 AM
-
0
Comments
ယနေ့ နံနက်ပိုင်းက တာချီလိတ်မြို့ မဲဆန္ဒနယ်အမှတ်(၁) ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်ပါတီကော်မတီဝင် ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း အပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များသည် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ လှူဒါန်းမှူများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့တို့သည် ဘိုးဘွားရိပ်သာအတွင်းရှိ အဘိုး(၄)ဦး အဘွား(၁၄)ဦး စုစုပေါင်း အဘိုးအဘွား(၁၉)ဦးအား နေ့လည်စာဖြင့် ကျွေးမွေးပြုစုခဲ့ကြပြီး တစ်ဦးချင်းစီအား ငါးထောင်ကျပ်စီ လှူဒါန်းခဲ့ကြပြီးနောက် လွန်ခဲ့သော ၂၀၁၁ခုနှစ် နိုဝင်ဘာလအတွင်းက ၎င်းတို့ပါတီမှ ကျပ်သိန်း(၂၀)ကုန်ကျခံကာ လှူဒါန်းခဲ့သည့် ကုတင်များ၏ ခိုင်ခံမှု ရှိမရှိ အခြေအနေကို ကြည့်ရှု့ခဲ့ကြပြီးနောက် ဘိုဘွားရိပ်သာ ဥက္ကဌ ဦးသိဏ်းမောင် မှ ဘိုးဘွားရိပ်သာ၏ ယခင်အခြေအနေနှင့် ယခုအခြေအနေများကို ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။
Social Buttons