Writen by
Tachileik News Agency
8:52 PM
-
0
Comments
တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး အရန်သားဖွားသင်တန်းဖွင့်ပွဲကို ဇွန် ၁၇ ရက် နံနက် ၉ နာရီက ခရိုင်ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင်ပြုလုပ်သည်။အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းက “အခုလိုသင်တန်းဖွင့်ရခြင်းသည် နယ်မြေဒေသအခြေအနေအရ သွားလာရေးခက်ခဲတဲ့ ဒေသတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အနီးကပ်ကျန်းမာရေးစောင့် ရှောက်မှုတွေပေးနိုင်ဖို့ ဖြစ်ကြောင်း” စသည်ဖြင့် သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောလွင်က “ယခုသင်တန်းသည် (၆)လ သင်တန်းဖြစ်ပြီး (၃)လ စာတွေ့သင်ကြားပြီး ကျန် (၃)လကိုတော့ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနတွေ၊ မြို့နယ်ခွဲဆေးရုံတွေမှာ လက်တွေ့ သင်ကြားသွားမှာဖြစ်ကြောင်း”ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ရွှေမိုးသူဇာက သင်တန်းသူများအား အရန်သားဖွား ၀တ်စုံများပေးအပ်သည်။ အဆိုပါသင်တန်းသို့ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်ရှိ ကျေးရွာများမှ သင်တန်းသူ (၁၃)ဦး တက်ရောက်ကြောင်းသိ ရှိရသည်။
သတင်းပေးပို့သူ။ ။ မောင်ဆွေငြိမ်း

Social Buttons