Latest News

Dropdown Menu

Tuesday, June 18, 2013

တာချီလိတ်မြို့ တာလော့ မူလွန်ကျောင်းတွင် နွားနို့တိုက်ကျွေး

တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာဖွံ့ဖြိုးပြီး ဥာဏ်ရည်တိုးစေရန်အတွက် နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကို ဇွန်(၁၈)ရက် နံနက် (၉)နာရီခွဲက တာလော့ အခြေခံပညာ မူလတန်းလွန် ကျောင်းတွင်ပြုလုပ်သည်။ အခမ်းအနားတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက နွားနို့သောက်သုံးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ကျောင်းသားကျောင်းသူ (၄၆၉) ဦးတို့အား နွားနို့များ တိုက်ကျွေးကြသည်။ အဆိုပါနွားနို့များအား တာချီလိတ်မြို့ရှိ မွေးမြူရေးလုပ်ငန်းရှင် (၉)ဦးတို့က လှူဒါန်းခဲ့ကြောင်းသိရှိသည်။

သတင်းပေးပို့သူ။       ။ မောင်ဆွေငြိမ်း


« PREV
NEXT »