Latest News

Dropdown Menu

Monday, June 3, 2013

တာချီလိတ်မြို့တွင် မိုးနှင့်လေအတူ သည်းထန်စွာရွာသွန်းမှုကြောင့် ရေအနည်းငယ်တက်လာပြီး ပြန်ကျသွား

ဇွန်လ(၃)ရက်နေ့ ည (၇)နာရီခန့်မှ (၈)နာရီဝန်းကျင်အထိ မိုးနှင့်လေအတူ သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တာချီလိတ်မြို့တွင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည့် ရေအနည်းငယ် တက်လာမှုများနှင့် သစ်ကိုင်းကျိုးမှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။



ပုန်းထွန်ရပ်ကွက် ကားလမ်းပေါ်နှင့် တာလော့ဈေးအတွင်း ရေအနည်းငယ်တက်လာမှုများရှိခဲ့ပြီး မိုးတိတ်သွားပြီးနောက် မကြာမီမှာ ရေများ ပြန်လည်ကျသွားသည်ကိုလည်း တွေ့ရှိရသည်။ မိုးနှင့်လေအတူ ရွာသွန်းမှုကြောင့် သစ်ပင်များ သစ်ကိုင်းများ ကျိုးကျမှုမှာ အနည်းငယ်မျှသာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသည့် အခါတိုင်း၌ ပုန်းထွန်၊ တာလော့၊ ဆန်ဆိုင်း(ခ) နှင့် မယ်ခေါင်ရပ်ကွက်တို့မှာ မိုးရေများကြောင့် ရေတက်လာမှုများ ကြုံလေ့ရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့၌ မိုးနှင့်လေအတူ သည်းထန်စွာရွာသွန်းခဲ့
13 photos
« PREV
NEXT »