Latest News

Dropdown Menu

Wednesday, June 5, 2013

(၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ (၆)နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ

ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အစီအစဉ် ဖြင့် မဲခေါင်မြစ်ဝှမ်းဒေသနေ နိုင်ငံများအကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး အထောက် အကူပြုစေရန် ရည်ရွယ်လျက် (၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ ချစ်ကြည်ရေးအပျော်တမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီက ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင် Rajabhat တက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင်ပြုလုပ်သည်။


ရှေးဦးစွာ အဆိုပါ တက္ကသိုလ်မှ ကျောင်းသူလေး များက နိုင်ငံအလိုက် ကိုယ်စားပြု ရိုးရာဝတ်စားဆင်ယင်မှုများဖြင့် အလံများကိုင်ဆောင်ကာ ခန်းမအတွင်း သတ်မှတ်နေရာများတွင် နေရာယူကြသည်။ ယင်းနောက် ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာန Director of Sport Bureau Mr. Niwat Limsuknirunက ပြိုင်ပွဲကျင်းပ ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ချိန်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး Mr.Phong- suk wangsamueက အဖွင့်အမှာစကားပြောကြားပြီး မင်္ဂလာစည်တော်တီးခတ်ကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြိုင်ပွဲဝင် နိုင်ငံများကိုယ်စားပြု ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်သည်။
အဆိုပါပြိုင်ပွဲအား ဇွန်လ (၉)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု တာချီလိတ်ခရိုင်မှ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် ရိုးရာအားကစားများပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။


မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားအဖွဲ့တွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ခေါင်းဆောင်ကာ အားကစားသမား (၃၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 ယနေ့နံနက် ၁၀ နာရီက ချိန်းရိုင်း ခရိုင် ပြည်သူ့အားကစား ကွင်းတွင် မြန်မာ ဘောလုံးအသင်းနှင့် တရုတ်ဘောလုံးအသင်းတို့ ပွဲဦးထွက်ယှဉ်ပြိုင် ကြကြောင်းသိရှိရသည်။

သတင်းပေးပို့သူ။       ။ မောင်ဆွေငြိမ်း

ပုံများကိုကြည့်ရန်
(၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ ၆နိုင်ငံ ချစ်ကြည်ရေးအားကစား
19 photos

« PREV
NEXT »