Writen by
Tachileik News Agency
10:01 AM
-
0
Comments
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေးသမ၀ါယမအသင်းလီမိတက်၏ ၂၀၁၂-၂၀၁၃ခုနှစ် နှစ်ချုပ် ဘဏ္ဍာရေးစာရင်းရှင်းတမ်း ရှင်းလင်းခြင်းများနှင့် မြို့နယ်အသီးသီးမှ အစုရှယ်ယာများ၏ စာရင်းများကို ရှင်းလင်းခြင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်၌ ဇွန်လ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။{ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး }
{ မြို့နယ်သမ၀ါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်အောင် }
အခမ်းအနားတွင် မြို့နယ်သမ၀ါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်အောင်မှ အသင်း၏ လုပ်ဆောင်ချက်နှင့် ယခုပြုလုပ်သော အစည်းအဝေး အကြောင်းအရာများကို ရှင်းလင်းပြောကြားသွားခဲ့ပြီး အထွေထွေမန်နေဂျာမှ ၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်၏ ၀င်ငွေ/ထွက်ငွေစာရင်း ရှင်းတမ်းများကို ရှင်းလင်းဖတ်ကြားရာမှာ အစုရှယ်ယာငွေစာရင်း၊ ဘဏ်အတိုးရငွေစာရင်း၊ စပါးကုန်သွယ်မှုမှရရှိသော ငွေစာရင်း၊ "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ရရှိသော ငွေစာရင်း၊ ဆီပန့်မှ အမြတ်ရငွေ စာရင်း နှင့် ဘဏ်ထုတ်ငွေ စာရင်းများကို ရှင်းလင်းပြောကြားသည်။
အရပ်ရပ်ဆိုင်ရာစာရင်းများကို ရှင်းလင်းပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အသီးသီးမှ အစုရှယ်ယာရှင်များကိုယ်စား ကိုယ်စားလှယ်များက ၎င်းတို့၏ မြို့နယ်တစ်ချို့၌ ဆီပန့်များ တည်ဆောက်၍ ရောင်းချချင်ကြကြောင်း နှင့် အခြား စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး က ဆီပန့်ဖွင့်ချင်သူများအနေဖြင့် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ အဆင်မပြေဖြစ်နေပါလျှင် သစ်လွင်မိုး နှင့် အကျိုးတူပူးပေါင်းပါက ဆီပန့်အတွက် အငှားချပေးတာမျိုး သို့မဟုတ် နေရာပေးငှားတာမျိုး စသည်ဖြင့် ကူညီပေးနိုင်ကြောင်း ပြောကြားလာသည်။ ယခုလို မြို့နယ်အသီးသီးမှ အစုရှယ်ယာရှင် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်အရ အများအားဖြင့်မှာ ဆီပန့်တည်ဆောက်၍ ရောင်းချချင်သူ များကြောင်း သိရသည်။
အစုရှယ်ယာရှင်များမှ လိုအပ်သည်များကို အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် မြို့နယ်အသီးသီးမှ အစုရှယ်ယာစာရင်းများကို တစ်မြို့နယ်ချင်းစီ အစုလိုက် ရေတွက်ဖတ်ကြားခဲ့ကြပြီး အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားပြီးမြောက်စေခဲ့သည်။
ပုံများကိုကြည့်ရန်
30 photos





Social Buttons