Latest News

Dropdown Menu

Monday, July 15, 2013

စကားရည်လုပွဲ၊ ပုံပြော၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်အား အ.ထ.က(တာချီလိတ်)၌ ပြုလုပ်

အခြေခံပညာကျောင်းများတွင် စကားရည်လုပွဲ၊ ပုံပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ မပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုထိ ကြာခဲ့ပြီဖြစ်ပေမဲ့လည်း ကဗျာပြိုင်ပွဲများကိုတော့ အေအိုင်ဒီအက်စ်နေ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စတဲ့နေ့တွေမှာ ပြုလုပ်ကျင်းပဖြစ်တာကို သိရသည်။

ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၉)နာရီက စပြီး တာချီလိတ်မြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပေါင်းစုံ စကားရည်လုပွဲ၊ ပုံပြော၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ကြရာ ကျောင်းသား၊ကျောင်းသူများသည် ပထမဆုံး အတွေ့အကြုံအနေဖြင့် ကြိုးစားပြီး ပါဝင်ယှဉ်ပြိုင်ကြတာကို တွေ့ရှိရသည်။

ပြိုင်ပွဲကို မနက်ပိုင်းတွင် ကဗျာပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်း၌ ကျပန်းစကားပြော ပြိုင်ပွဲနှင့် စကားရည်လုပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ ညနေ ၃နာရီခွဲတွင် ပြိုင်ပွဲ ပြီးဆုံးသွားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီးများ အဖြစ် မြို့နယ်စာရေးဆရာအသင်းမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။        ။ မောင်ဆွေငြိမ်း


« PREV
NEXT »