Writen by
Tachileik News Agency
8:00 AM
-
0
Comments
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရေးကို ဦးတည်လျှက် မြန်မာ-ထိုင်း နယ်ခြားကော်မတီ (၇၆)ကြိမ်မြောက် မြို့နယ်အဆင့် အစည်းအဝေးအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ ဥက္ကဌ အမှတ်(၃) လှုပ်ရှား ယန္တရားတပ် ဗျူဟာမှူး ဗိုလ်မှူးကြီး ထနတ်ဖုံးကိုးဆိုင်စေ၀ီး ဦးဆောင်သော ထိုင်းနိုင်ငံ ကိုယ်စားလှယ်များက တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား လာရောက်ကြိုဆိုရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် ဗျုဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံပြီး ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ကြပါသည်။
ထို့နောက် နယ်ခြားကော်မတီ အစည်းအဝေးအား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့ Grand Room Hotel တွင် အစည်းအဝေးအား ကျင်းပပြုလုပ်ရာ မြန်မာ-ထိုင်း နယ်ခြားကော်မတီ ဥက္ကဌ အမှတ်(၃၃၁)ခြေမြန်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ခေါင်းဆောင်သည့် စစ်ဖက် နယ်ဖက်ဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့၊ အမှတ်(၃) လှုပ်ရှားယန္တရား တပ်ဗျုဟာမှူး ဗိုလ်မှူးကြီး ထနတ်ဖုံးကိုးဆိုင်စေ၀ီး ဦးဆောင်သော ထိုင်းနိုင်ငံ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနှင့် ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကာ အစည်းအဝေးအား ဒေသစံတော်ချိန် (၁၂)နာရီတွင် ရုပ်သိမ်းလိုက်ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
Social Buttons