Latest News

Dropdown Menu

Monday, July 29, 2013

မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ မိုင်းဆတ်၌ ဖြစ်ပေါ်

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီ ခန့်က စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် မယ်ဆွမ်မြောက်ရပ်ကွက်တွင် လူနေအိမ်ခြေ(၂၀)လုံး၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် လူနေအိမ်ခြေ (၂)လုံးနှင့် ဈေးဆိုင်(၁)ဆိုင်တို့ အတွင်းသို့ ရေများအမြင့် (၂)ပေခန့် ယနေ့ နံနက်က ၀င်ရောက်ခဲ့သည်။


အဆိုပါ ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်
ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်တို့ ဦးဆောင်ပြီး၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးခြင်း၊ စားသောက် ဖွယ်ရာများနှင့် လိုအပ်သည်များ ပံ့ပိုးကူညီစောင့်ရှောက် ပေးလျက် ရှိသည်။


မိုင်းဆတ်မြို့တွင် မိုးရာသီ၌ မိုးအဆက်မပြတ် ရွာသွန်းပါက နှစ်စဉ် ရေကြီးရေလျှံခြင်းများ ကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ က ပြောကြားသည်။
သတင်းပေးပို့သူ။       ။ ဝေယံလင်းလက်(မိုင်းဆတ်)

« PREV
NEXT »