Writen by
Tachileik News Agency
11:47 AM
-
0
Comments
ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပြီး ရပ်/ကျေး အခြေပြု အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၃ကို တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သင်ကြားပို့ချပေးလျှက်ရှိပြီး ဇူလိုင်လ(၂၆)ရက် နံနက်(၉)နာရီက အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ နှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအား ပြုလုပ်ခဲ့ကြသည်။{ သတင်းမှတ်တမ်း ဗီဒီယို }
အခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ကျော်နိုင်မှ စက်သုံးဆီဆိုင်များ မီးဘေးကာကွယ်ရေးအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကြသည်။ဆက်လက်၍ အခြေခံမီးသတ်ပညာ သင်တန်းမှ ထူးချွန်ဆုရ သင်တန်းသား(၁)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ဆုပေးအပ်ချီးမြှင့်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က သင်တန်းသားများ၏ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၇၅၈)ဦး၊ တာလေမြို့နယ်ခွဲမှ (၂၄၄)ဦး နှင့် ကျိုင်းလပ်မြို့နယ်ခွဲမှ (၁၂၅)ဦး စုစုပေါင်း အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၁၂၇)ဦး၏ ၀တ်စုံပစ္စည်းများအား သယ်ယူနိုင်ရန်အတွက် ကုန်သည်ကြီးများအသင်း(တာချီလိတ်)၊ သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအသင်း (တာချီလိတ်)၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအသင်း (တာချီလိတ်) နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (တာချီလိတ်)တို့မှ ထောက်ပံ့ကြေးငွေ လှူဒါန်းရာ သက်ဆိုင်ရာမှ ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဆီမီးငြိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြခဲ့ကြရာ စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းများက တစ်ဦးချင်းစီအလိုက် ပြန်လည်၍ မီးငြိမ်းသတ်နည်းများကို လေ့ကျင့်ပြုလုပ်ခဲ့ကြသည်။
ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပြီး ရပ်/ကျေး အခြေပြု အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၃တွင် တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၄)ခုမှ၊ တစ်ရပ်ကွက်လျှင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးနှုန်းဖြင့် စုစုပေါင်း (၇၀)ဦးတို့ကို တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနက အခြေခံ မီးသတ်ပညာကို သင်ကြားပေးတာဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
32 photos

Social Buttons