Writen by
Tachileik News Agency
10:09 PM
-
0
Comments
တာချီလိတ်မြို့ ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် အလှူငွေများပေးအပ်ပွဲကို ဇူလိုင်လ(၈)ရက် နေ့က ပြုလုပ်ရာ ရှေးဦးစွာ ရွေတောင်တန်းပရဟိတ ဘုန်းတော်ကြီး ကျောင်းတွင်ပြုလုပ်သည်။
ရွှေတောင်တန်းပရဟိတ ကျောင်းထိုင်ဆရာတော်သည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ကပျံလွန်တော်မူခဲ့သည်။ ဆရာတော်ပျံလွန်တော်မူပြီးနောက် ကျောင်းသား ၁၈၆ ဦးကျန်ရှိခဲ့သည်။ ယင်းကျောင်း သားလေးများ ရှေ့ရေးအတွက် ပညာများဆက်လက်သင်ကြားနိုင်ရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်မှုဖြင့်ငွေပဒေသာပင် စိုက်ထူနိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။
အလှူငွေများပေးအပ်ရာတွင် ခရိုင်အုပ်ချုပ် ရေးမှူး ဦးသောင်းတင်ထွေး-ဒေါ်နွေးနွေးလင်းမိသားစု ကငွေကျပ် ၃ သိန်း၊ ဦးလောတာ-ဒေါ်ဘူးတီမိသားစုက ငွေကျပ် ၅၀ သိန်း၊ ဒေါ်မမ မိသားစုက ငွေကျပ် ၃၂ သိန်း၊ ဦးစိုင်းထွန်းစိန်-ဒေါ်နန်းမိငယ် က ငွေကျပ်၂၀ သိန်း၊ ဦးစိုင်းကျော် (lasvegas Hotel) က ငွေကျပ် ၁၆ သိန်း၊ ဒေါ်ဘူးဆီမိသားစုက ငွေကျပ် ၁၅ သိန်း၊ တာချီလိတ် သတင်းတပ်ဖွဲ့မှ ငွေကျပ် ၁၀ သိန်း၊ ဦးတင့်ဆွေ(မဇ္ဈိမ လူမှု ကူညီရေးအသင်း)က ငွေကျပ် ၁၀ သိန်း၊ ဒေါ်နီနီစိုး (ရွှေသရဖူ မီနီမတ်)က ငွေကျပ် ၁၀ သိန်း၊ ဦးနီဖီး-ဒေါ်အေးမိ မိသားစုကငွေကျပ် ၁၀ သိန်း ဦးအားကျားလို-ဒေါ်ချစ်ဖယ်မိသားစုက ငွေကျပ် ၁၀ သိန်း၊ ဦးလှမျိုး-ဒေါ်ဖြူဖြူကြည် မိသားစုက ငွေကျပ် ၅ သိန်း၊စပါယ်လှိုင်မုန့် တိုက်က ငွေကျပ် ၅ သိန်း၊ ရဲအုပ်စံသိန်း-ဒေါ်သဲမြ၀င်းမိသားစုက ငွေကျပ် ၅ သိန်း ၊ ဦးမြတ်သူပိုင်-ဒေါ်နန်းနုနုမိသားစုက ငွေကျပ် ၅ သိန်း၊ ဦးဆားထူ-ဒေါ်တင်မေအေးမိသားစုက ငွေကျပ် ၁သိန်းခွဲ၊ ဦးထွန်းဝင်း-ဒေါ်သဉ္ဖာထွန်း(၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး)မိသားစုက ငွေကျပ် ၁ သိန်း၊ စုစုပေါင်းငွေကျပ် ၂၀၈ သိန်း၅သောင်းပေးအပ်လှူဒါန်း ရာ တာဝန်ရှိသူများကလက်ခံရယူသည်။
ယင်းနောက် နာယကဆရာတော် ဦးစန္ဒာသီရိ က ကျေးဇူးတင်ဝမ်း မြောက်ကြောင်း မြွက်ကြားတော်မူသည်။ ဆက်လက်ပြီး ဦးစိုင်းကျော် (lasvegas Hotel)မှ ဘိုးဘွားရိပ်သာ အတွက် အလှူငွေ ၁၆ သိန်း၊ ကျန်းမာရေးဆေးပဒေသာပင်အတွက် ၁၆ သိန်း၊ စာသင်ကျောင်းများ စာရေးခုံအ တွက် ၄၈ သိန်း သွားရောက်လှူဒါန်း ကြောင်းသိရှိရသည်။
သတင်းပေးပို့သူ။ ။ မောင်ဆွေငြိမ်း
ပုံများကိုကြည့်ရန်
51 photos
Social Buttons