Latest News

Dropdown Menu

Tuesday, July 23, 2013

၁၅၀၀ကျပ်တန် GSM ဖုန်းကဒ်များ တာချီလိတ်မြို့၌ လျှောက်ထားနိုင်ပြီ

တန်ဖိုးနည်း ၁၅၀၀ကျပ်တန် ဖုန်းကဒ်များကို တာချီလိတ်မြို့၌ ဧပြီလက စတင်ပြီး လစဉ်ပုံမှန် မဲနှိုက်၍ ရောင်းချပေးနေသည်ဖြစ်ရာ ယခု ဇူလိုင်လ အတွက် ယခင် CDMA အစား GSM ဖုန်းကဒ်များကို မဲနှိုက်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုတစ်ခေါက်တွင် GSM ဖုန်းကဒ်များကို တာချီလိတ်မြို့နယ် အတွက် ကဒ်ပေါင်း(၄၀၀) ချမှတ်လာပြီး ဖုန်းကဒ် လျှောက်ထားသူများ အနေဖြင့် ဇူလိုင်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လာရောက် လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်လွှာများကိုလည်း အဆိုပါရုံး၌ အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

ဖုန်းကဒ် လျှောက်ထားလိုသူများ အနေဖြင့် အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင် မိတ္တူ တစ်စုံစီနှင့် လိုင်စင်ဓါတ်ပုံ နှစ်ပုံ လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်း မရှိသူများ အနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်လိုက် ရပ်ကွက်ထောက်ခံစာ ရှိရုံဖြင့်လည်း လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

လျှောက်လွှာအား Download ဆွဲကာ ရယူနိုင်ပါသည်။ ( ဒီမှာနိပ်ပါ )


« PREV
NEXT »