Latest News

Dropdown Menu

Wednesday, July 24, 2013

GSM ဖုန်းကဒ် ချထားပေးသည့် အရေအတွက်နည်းပါးမှုတို့ကြောင့် တာချီလိတ်မြို့၌ အိမ်ထောင်စုတစ်ခုလျှင် တစ်ဦးသာ လျှောက်ထားနိုင်

၁၅၀၀ကျပ်တန် တန်ဖိုးနည်း GSM ဖုန်းကဒ်များကို တာချီလိတ်မြို့နယ်အတွက် SIM Card (၄၀၀) သတ်မှတ်ပေးထားရာ လျှောက်လွှာများကို ဇူလိုင်လ(၂၄)ရက်မှ (၂၅)ရက်နေ့ထိ သတ်မှတ်ထားပြီး ဇူလိုင်လ(၂၆)ရက် နေ့လည်ပိုင်းမှာ ယခင်နည်းတူ အောင်မြတ်ခန်းမ၌ ပေါက်မဲများအား နှိုက်ပေးကာ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ဖုန်းကဒ်လျှောက်ထား သူများအနေဖြင့် လတ်တလောမှာ ဖုန်းကဒ်အရေအတွက် နည်းပါးသည်ဖြစ်တာကြောင့် အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ လျှောက်ထားရမှာဖြစ်ပြီး တစ်ဦးထက်ပို၍ လျှောက်ထားလာပါက စီစစ်တွေ့ရှိရသည်ဖြစ်စေ၊ မဲပေါက်နေသည်ဖြစ်စေ အဆိုပါရလဒ်အား ပယ်မှာဖြစ်ကြောင်း သိရသည်။

"တစ်ချို့တွေက အပြင်မှာ ပြန်ရောင်းချင်လို့ထင်တယ် အိမ်ထောင်စု တစ်ခုတည်း ၃-၄ဦးစာ လာလျှောက်ကြတာတွေကို တွေ့နေရတယ်။ ကျွန်တော်တို့ကတော့ GSM ကိုလိုချင်လို့ CDMA တုန်းက မလျှောက်ပဲ ခုမှ လာလျှောက်တာပါ၊ လာလျှောက်သူတွေက တော်တော်များတော့ ရတောင်ရပါ့မလား မသိဘူးဗျာ"ဟု ဖုန်းကဒ်လာလျှောက်သူ ပုန်းထွန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောကြားသွားသည်။

ဇူလိုင်လ(၂၄)ရက်နေ့ နေ့လည်ပိုင်းက အိမ်ထောင်စု တစ်စုတည်း လူ(၅)ဦးလာရောက် လျှောက်ထားရာ (၄)ဦးကို ပယ်ပြီး (၁)ဦးသာ လျှောက်ထားခွင့်ပြုလိုက်ကြောင်း သိရသည်။

ဖုန်းကဒ်လျှောက်ထားသူများ၏ ပေါက်မဲစာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကပ်ထားမှာဖြစ်ပြီး Tachileik Online News ၏ Facebook တွင်လည်း ဖော်ပြပေးသွားမှာဖြစ်ပါသည်။


« PREV
NEXT »