Writen by
Tachileik News Agency
5:59 AM
-
0
Comments
တာချီလိတ်မြို့၌ ဆယ်နှစ်ကျော် မကျင်းပနိုင်ခဲ့သည့် မြို့နယ်ပညာရေးမှူး (ဖလား) ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ၁၆နှစ်အောက် ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၂၅ ရက်နေ့ကစ၍ ကျင်းပလာခဲ့သည်ဖြစ်သော်လည်း သြဂုတ်လ ၂၅ ရက်နေ့က မိုးများရွာသွန်းမှုကြောင့် ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၃၀ ရက်နေ့၊ နေ့လည် ၂နာရီမှ ပြုလုပ်နိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။ဖွင့်ပွဲအခမ်းအနားတွင် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.ထ.က(မိုင်းကိုး)၊ အ.ထ.က(တာလေ)၊ အ.ထ.က(ရွှေမဟာ)၊ အ.လ.က(ပုန်းထွန်)၊ အ.လ.က(ရန်အောင်မြေ) နှင့် အ.လ.က(၀မ်တုံ)တို့မှ ၁၆နှစ်အောက် အမျိုးသား၊ အမျိုးသမီး အားကစားသမား ၃၂၄ဦးမှ ကွင်းတွင်းနေရာယူကြပြီး ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ နှင့် ပန်းပွားအကအဖွဲ့တို့မှ ဖွင့်ပွဲသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများအပါအ၀င် အားကစားဝါသနာရှင်များအား စာလုံးအကွက်ဖော် အကဖြင့် ဖျော်ဖြေခဲ့ကြသည်။
"အခုလို အားကစားဝါသနာပါတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပြိုင်ပွဲကျင်းပပေးတာ သိပ်ကောင်းတဲ့ ရလဒ်ပဲဗျာ၊ ဒီလိုမျိုး ပွဲမဖြစ်လာတာအတော်ကြာပြီ၊ ဆရာတို့လည်း ဒီလိုပွဲမျိုးသိပ်ဖြစ်ချင်နေခဲ့တာ၊ အခုလို ဖြစ်မြောက်အောင် ၀ိုင်းဝန်းဖေးမ ကူညီပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်"ဟု အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
{ ပွဲစဉ်ဇယား }
ပုံများကိုကြည့်ရန်
83 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬



Social Buttons