Writen by
Tachileik News Agency
11:10 PM
-
0
Comments
အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်သည်ဖြစ်သော "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့" အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ရှိ အသက် ၈၀ နှစ် အထက် အဖိုး/အဖွားများကို ပူဇော်ကန်တော့ခြင်း အခမ်းအနားအား တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ အောက်တိုဘာလ ၁ရက်၊ နံနက် ၉နာရီအချိန်က ပြုလုပ် ကျင်းပခဲ့ကြသည်။ယခုပြုလုပ်သော "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့" အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ ကန်တော့ခံ အဖိုးအဖွားများမှာ အဖိုး ၂၀ ဦး နှင့် အဖွား ၄၆ ဦး စုစုပေါင်း ၆၆ ဦးရှိကြောင်း သိရသည်။
ကန်တော့ခံ အဖိုးအဖွားများအား အဆိုပါအဖွဲ့မှ ဦးစွာကန်တော့ကြပြီးနောက် လှူဒါန်းမှု ပစ္စည်းအစုစုတို့ကို သက်ဆိုင်ရာအလိုက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အဖိုးအဖွားများအား နေ့လည်စာဖြင့်
ကျွေးမွေးဧည့်ခံပြီး ကျန်းမာရေး စစ်ဆေးမှုအဖြစ် မြန်မာတိုင်းရင်းဆေး နှင့် ကျန်းမာရေးဌာနတို့မှ စစ်ဆေးမှုများ ပြုလုပ်ပေးကြကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
.jpg)
.jpg)
Social Buttons