Latest News

Dropdown Menu

Tuesday, September 17, 2013

မူးယစ်ဆေးဝါးများအား တဆင့်ပြန်လည် ရောင်းချသူ အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတခုအား တာချီလိတ်မူးယစ်(အထူး)မှ မူးယစ်ဆေးဝါးသတင်းအရ စောင့်ကြည့်နေချိန်တွင် မအားxxx နှင့်အတူ မူးယစ်ဆေးဝါး လာရောက် ပို့ဆောင်သူ မအဲxxxတို့ နှစ်ဦးထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ပြား အား တွေ့ရှိရ၍ တရားခံနှင့်အတူ မူးယစ်ဆေးဝါးများအား ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၆ရက်၊ မွန်းတည့်ချိန်က ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။


အဆိုပါတိုက်ခန်းတွင် နေထိုင်သူ မအားxxxxသည် ၂၀၁၃ခုနှစ် ဇူလိုင်လခန့်မှစ၍ မအဲxxxထံမှ စိတ်ကြွရူးသွပ်ဆေးပြားများအား ၀ယ်ယူရောင်းချခဲ့ကြောင်း၊ မအဲxxxx ထံမှ ပထမအကြိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ပြားပါ ၁ထုပ်၊ ဒုတိယအကြိမ်တွင် ၂၀၀ပြားပါ ၂ထုပ်၊ တစ်ထုပ်လျှင် ထိုင်းဘတ်ငွေ ၇၀၀၀ဘတ်နှုန်းဖြင့် ၀ယ်ယူပြီး ပြန်လည်ရောင်းချကြောင်း နှင့် စက်တင်ဘာလ ၁၅ရက်၊ ညနေ ၆နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချရန် လက်ကျန် မရှိတော့သဖြင့် ၎င်းမှ မအဲxxxxထံ မှာယူထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား မအဲxxxxx မှ လာပို့စဉ် တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ တာဝန်ရှိသူတို့က သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြတာဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဆန်ဆိုင်း(ခ)ရပ်ကွက်နေ အသက် ၂၉နှစ်ရှိ မအားxxx နှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား လာရောက်ပို့ဆောင်သူ အသက် ၂၄နှစ်ရှိ မအဲxxxတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၁၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ထားရှိပြီး ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »