Latest News

Dropdown Menu

Saturday, September 14, 2013

တာချီလိတ်မြို့နယ် ပညာရေးမှူး(ဖလား) ဗိုလ်ပွဲ၌ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(မိုင်းကိုး)တို့မှ ဗိုလ်စွဲ

တာချီလိတ်မြို့နယ် ပညာရေးမှူး(ဖလား)၊ ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၂၅ ရက်နေ့ကစ၍ ကျင်းပလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲ၏ ဗိုလ်လုပွဲအား စက်တင်ဘာလ ၁၄ ရက်နေ့က အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ရွှေမဟာ)တို့ ဗိုလ်လုကြရာ အ.ထ.က(တာချီလိတ်)မှ အ.ထ.က(ရွှေမဟာ)အား ၅ဂိုး၊ ၄ဂိုးဖြင့် ဗိုလ်စွဲသွားခဲ့ပြီး အမျိုးသမီးဘောလုံးပွဲတွင် အ.ထ.က(မိုင်းကိုး)နှင့် အ.ထ.က(ဆန်ဆိုင်း)တို့ ဗိုလ်လုကြရာ အ.ထ.က(မိုင်းကိုး)မှ ဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။


အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား ဦးစွာကျင်းပခဲ့ပြီးနောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပရာ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ရွှေမဟာ)တို့မှ အကြိတ်အနှယ်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ ယှဉ်ပြိုင်ရာမှာ သတ်မှတ်ချိန် မိနစ် ၉၀ အတွင်း တစ်ဖက် ၄ဂိုးစီ ရရှိနေသည့်အတွက် အချိန်ပိုအဖြစ် တစ်သင်း ၁၀ မိနစ်စီ အပိုပေးကာ ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်စေခဲ့ပြီးနောက် အ.ထ.က(တာချီလိတ်)မှ ၅ဂိုး အ.ထ.က(ရွှေမဟာ)မှ ၄ဂိုးဖြင့် ပွဲစဉ်အား အချိန်ပြည့်ကာ အဆုံးသတ်ခဲ့ကြသည်။


"ဒီကျောင်းသားပွဲကတော့ လူကြီးပွဲတွေထက် သာတယ်၊ ကြည့်ရတာ ရင်ခုန်ဖို့တောင် ကောင်းနေတယ်ဗျာ၊ နှစ်ကျောင်းလုံးကို သဘောကျပြီးသားဆိုတော့ တော်တော်ကို ရင်ခုန်စရာ ကောင်းတဲ့ ဗိုလ်လုပွဲဗျ"ဟု
ဘောလုံးပွဲဝါသနာရှင်တစ်ဦးမှ ပြောသည်။


ဆက်လက်၍ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် နေရာအလိုက် အကောင်းဆုံးဆုများ နှင့် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် နေရာအလိုက် အကောင်းဆုံးဆုများကို သက်ဆိုင်ရာမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(မိုင်းကိုး)တို့ ဗိုလ်စွဲ
80 photos

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »