Writen by
Tachileik News Agency
9:22 AM
-
0
Comments
တာချီလိတ်ခရိုင်/မြို့နယ်၏ ၂၀ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ ညနေထိ ကျင်းပခဲ့ကြပြီး ဆုပေးပွဲအား ည ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားအား ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးကြည်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အဆိုပါ အခမ်းအနားနှင့်ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး စက်တင်ဘာလ ၁၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးသော ကျောင်းပေါင်းစုံ မူလတန်းအဆင့် မေတ္တာသုတ်ရွတ်ဆိုပူဇော်မှုတွင် ဆုရရှိသော အသင်းများအား ဆုများချီးမြှင့်ရာ ပထမဆုအဖြစ် အ.လ.က(ပုန်းထွန်)၊ ဒုတိယဆုအဖြစ် အ.ထ.က(တာချီလိတ်) နှင့် တတိယဆုအဖြစ် မူလွန်တာလော့တို့အပါအ၀င် နှစ်သိမ့်ဆု ရရှိသော ကျောင်းများအား သက်ဆိုင်ရာမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကဗျာလွတ်အက၊ အဆို(ကျား) နှင့် အဆို(မ)စသည်တို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ဆက်လက်၍ ပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြပြီး ည ၇နာရီအချိန်တွင် အဆိုပါ ယှဉ်ပြိုင်မှုအတွက် ဆုရရှိသူများကို ကြော်ငြာပြီး ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
"အခု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တာချီလိတ်မှာလုပ်တာဟာ ပထမဆုံးပါပဲ၊ အရင်ကတော့ ကျိုင်းတုံမှာ လုပ်တာပေါ့၊"ဟု အ.ထ.က(တာချီလိတ်)မှ ကျောင်းဆရာတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ပုံများအားကြည့်ရန်
52 photos
41 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Social Buttons