Latest News

Dropdown Menu

Friday, September 27, 2013

"တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ ၂၇ကြိမ်မြောက် ဆီးဂိမ်းမြန်မာ ၂၀၁၃ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ် မှ နေပြည်တော်သို့ ခရီးရှည်စီးနင်းမည်

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်သော ၂၇ကြိမ်မြောက် ဆီးဂိမ်း မြန်မာ ၂၀၁၃ ပြိုင်ပွဲအား ကြိုဆိုဂုဏ်ပြု ထောက်ခံသောအားဖြင့် တာချီလိတ်မြို့ရှိ "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အင်အား ၂၀ ကျော်တို့ဖြင့် တာချီလိတ် မှ နေပြည်တော်ထိ ဒီဇင်ဘာလ ၂ရက်နေ့မှစ၍ မိုင်ရှည် ရက်ရှည်ခရီး စီးနင်းမှာဖြစ်ကြောင်း သိရသည်။


စက်ဘီးများဖြင့် မိုင်ရှည်ခရီး စီးနင်းမည့်  "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"တွင် အင်အား ၂၀ကျော် ပါဝင်မည်ဖြစ်ရာ ၎င်းအဖွဲ့တွင် ဦးစီးခေါင်းဆောင်များအဖြစ် ဦးစိုင်းတီ(စိန်ပန်းနီနီ စားသောက်ဆိုင်)၊ ဦးစိုင်းကို့(ရွှေဓန KO ဆိုင်ကယ်ပြင်ဆိုင်)၊ ဦးစိုင်းလုံဟောင်(စန်းငွေလွင် ၀ပ်ရှော့) နှင့် ဦးခင်မောင်ဌေး(အတွင်းရေးမှူး - စက်ဘီး)တို့မှ ဦးဆောင်ပြီး ၂.၁၂.၂၀၁၃ ရက်နေ့တွင် တာချီလိတ်မှ ထွက်ခွာပြီး နေပြည်တော်သို့ ၉.၁၂.၂၀၁၃ရက်နေ့တွင် ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ရပ်နားမည့် စခန်းများမှာ တာချီလိတ်-ကျိုင်းတုံ (၁၀၀)မိုင်၊ ကျိုင်းတုံ - မိုင်းပျင်း (၈၃)၊ မိုင်းပျင်း - ကွန်ဟိန်း (၅၄)မိုင်၊ ကွန်ဟိန်း - လွိုင်လင် (၈၂)မိုင်၊ လွိုင်လင် - တောင်ကြီး (၅၈)မိုင်၊ တောင်ကြီး - ပင်လောင်း (၈၄)မိုင် နှင့် ပင်လောင်း - နေပြည်တော် (၉၅)မိုင်၊ မိုင်ရှည်စုစုပေါင်း တာချီလိတ်မှ နေပြည်တော်ထိ ၅၅၆မိုင် စီးနင်းကြမှာဖြစ်ကြောင်း သိရသည်။


" ကျွန်တော်တို့ အခုသွားမဲ့ 'တာချီလိတ် ရှမ်းအရှေ့အသင်း'ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကတော့ ရှမ်း(အရှေ့)အသင်းရဲ့ ကိုယ်စားပြု မြန်မာလက်ရွေးစင် စက်ဘီးသမား စိုင်းအောင်ခမ်းကိုလည်း ဂုဏ်ပြုအားပေးတဲ့အနေနဲ့ရော၊ နေပြည်တော်မှာ ပြုလုပ်မဲ့ ၂၇ကြိမ်မြောက် ၂၀၁၃ ဆီးဂိမ်း မြန်မာကိုလည်း အားပေးထောက်ခံတဲ့ အနေနဲ့ရော ကျွန်တော်တို့ စက်ဘီးစီးအဖွဲ့ဟာ တာချီလိတ် ကနေ နေပြည်တော်အထိ မိုင်ရှည် ရက်ရှည် စီးနင်းကြမှာဖြစ်ပါတယ်"ဟု ခရီးစဉ်တွင် လိုက်ပါမည့်  "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အဖွဲ့ခေါင်းဆောင် တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


 "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အဖွဲ့သားများသည် တာချီလိတ်မြို့တွင် ၂၀၀၃ခုနှစ်မှစ၍ စက်ဘီးဝါသနာရှင်များ စုပေါင်းကာ မိုင်ရှည်စက်ဘီးပြိုင်ပွဲများ၊ မိုင်ရှည်အပျော်တမ်းခရီးစဉ်များအဖြစ် နှစ်စဉ် နှစ်တိုင်း စီးနင်းခဲ့ကြပြီး ၎င်းပြိုင်ပွဲများနှင့် ခရီးရှည်အပျော်တမ်းပွဲစဉ်များကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြပြီး စက်ဘီးပြိုင်ပွဲများအား ၂၀၀၆/၂၀၀၇/၂၀၀၈ နှင့် ၂၀၁၂ခုနှစ်တို့တွင် ပြုလုပ်ကျင်းပခဲ့ပြီးကြောင်း သိရသည်။


၎င်းတို့အဖွဲ့အနေဖြင့် ဆယ်စုနှစ်တိုင်တိုင် စက်ဘီး ခရီးရှည်အပျော်စီးနင်းလာခဲ့ကြရာမှ  ယခုအခါမှာ အဖွဲ့ဝင် ၅၀ ၀န်းကျင်ခန့်ရှိပြီး  "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"အမည်အား ၂၇ကြိမ်မြောက် ဆီးဂိမ်း မြန်မာ ၂၀၀၃ အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ၁၁.၉.၂၀၁၃ ရက်နေ့က  "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"ဟု၍ အမည်ပေးကာ အတည်ပြု ဖွဲ့စည်းခဲ့ကြတာဖြစ်ကြောင်း သိရသည်။

 "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း" အနေဖြင့် တာချီလိတ် - နေပြည်တော် မိုင်ရှည်ခရီးစီးနင်းမှု အစီအစဉ်တွင် ၎င်းတို့ စက်ဘီးအဖွဲ့နှင့်အတူ လိုက်ပါစီးနင်းလိုသည့် စက်ဘီးဝါသနာရှင်များအနေဖြင့် မည်သူမဆို "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"နှင့်အတူ လိုက်ပါစီးနင်းနိုင်ပါကြောင်းနှင့် အစီစဉ်အား စိတ်ဝင်စားပါက အောက်ဖော်ပြပါ အဖွဲ့ခေါင်းဆောင်များ၏ ဖုန်းနံပါတ်အား ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရှိရသည်။

ဦးစိုင်းကို့
ရွှေဓန - KO ဆိုင်ကယ်ပြင်ဆိုင်၊ မကာဟိုခမ်းရပ်။
မြန်မာဖုန်း။       ။ 084-52239
ထိုင်းဖုန်း။     ။ 089-5612384

ဦးစိုင်းလုံဟောင်
စန်းငွေလွင် - ကားဝပ်ရှော့၊ စက်မှုဇုံ၊ ဟောင်လိတ်
မြန်မာဖုန်း။   ။ 09-5241979
ထိုင်းဖုန်း။     ။ 089-2128764

ဦးခင်မောင်ဋ္ဌေး
အတွင်းရေးမှူး (စက်ဘီး)၊ မယ်ခေါင်ရပ်
မြန်မာဖုန်း။    ။ 09-482823202
ထိုင်းဖုန်း။      ။ 080-4991732
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Flag Counter
« PREV
NEXT »