Latest News

Dropdown Menu

Sunday, September 29, 2013

ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ တာချီလိတ်မြို့နယ်အတွက် ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ် သင်တန်းအား သင်ကြားပို့ချမည်ဖြစ်ရာ အလှူရှင်များ လိုအပ်နေ

ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၏ ဆဋ္ဌမအကြိမ်မြောက် သင်ကြားမှုအဖြစ် စက်တင်ဘာလ ၂၉ရက် နံနက် ၈နာရီမှ နေ့လည် ၁၁နာရီအချိန်ထိ အ.ထ.က(တာချီလိတ်)၌ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ၁၂၀ကျော်တို့အား ဆရာတော်များ၊ သင်ကြားရေး ဆရာ/မများနှင့် ဆရာကူများဖြင့် သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ သင်ကြားရာသို့ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များဖြစ်သည့် ဦးရဲဇော်မြင့်+ဒေါ်မေဦး မိသားစုမှ သံဃာတော်များအတွက် နေ့ဆွမ်း နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရကို လှူဒါန်းပြီး ဦးနိုင်စိုးဦး+ဒေါ်တင်နီလာဝင်း မိသားစုတို့မှလည်း ကလေးသူငယ်များအတွက် အာဟာရများကို လာရောက်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)အတွက် သင်ကြားမှု အထောက်ကူပြု ပစ္စည်းများ နှင့် လိုအပ်သည့် နေရာများ အတွက် အသုံးပြုနိုင်ရန် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကျပ်ငွေ တစ်သိန်း၊ တာချီလိတ်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျပ်ငွေ တစ်သိန်း၊ ဦးလှထွန်း+ဒေါ်တာတာရွှေ မိသားစုမှ ဘတ်ငွေ ၅၀၀၀၊ ဦးကျော်သီဟ+ဒေါ်အေးအေးမြင့် ( ပြည့်စုံပုံနှိပ်တိုက် ) မိသားစုမှ စာရေးခုံ တစ်ခုံအတွက် ၁၁၀၀ ဘတ်၊ ဦးကျော်စိုးဝင်း မိသားစုမှ စာရေးခုံတစ်ခုံ အတွက် ၁၁၀၀ဘတ် နှင့် ဦးဌေးအောင်+ဒေါ်သီတာဝင်းတို့မှ သမီး မပြည့်ပြည့်သော် ၈ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကျပ်ငွေ တစ်သိန်းတို့ကို အသီးသီး လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)မှ တာချီလိတ်မြို့တွင် ပထမဦးဆုံးအဖြစ် သင်ကြားမှုကို အ.ထ.က(တာချီလိတ်)တွင် စတင် သင်ကြားခဲ့တာဖြစ်ပြီး ဆက်လက်၍ တာချီလိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်နိုင်ရန် နှင့် ဆရာ/ဆရာမများ ပေါ်ထွန်းလာနိုင်စေရန် အတွက် ၁၃.၁၀.၂၀၁၃ မှ ၁၈.၁၀.၂၀၁၃နေ့အထိ "ဆင့်ပွားဓမ္မစကူးလ်ဆရာဖြစ်သင်တန်း"အား သင်တန်းချိန် ကာလ ၆ရက်ဖြင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို)မှ  ဆရာ/ဆရာမ ၂ဦးနှင့် ဆရာတော် ၁ပါး ကြွရောက် သင်ကြားပေးမှာ ဖြစ်ရာ အဆိုပါ သင်ကြားမှုများ အတွက် အလှူရှင်များ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

စေတနာရှင် အလှူရှင်များ အနေဖြင့် သင်တန်းချိန် ၆ ရက်ကာလ အတွင်း သင်တန်းပို့ချသော သံဃာတော်များ အတွက် အာရုဏ်ဆွမ်း တစ်ရက်လျှင် ၂၅၀၀ ဘတ်၊ နေ့ဆွမ်း တစ်ရက်လျှင် ၄၅၀၀ ဘတ် ကုန်ကျမှာဖြစ်ပြီး သင်တန်းဆရာ ခရီးစရိတ်အတွက် တစ်ပါး သို့မဟုတ် တစ်ဦးစာအတွက် အသွားအပြန် ၁၉၂၀၀၀ကျပ် ကုန်ကျမှာ ဖြစ်ကြောင်း သိရသည်။


"ဆင့်ပွားဓမ္မစကူးလ်ဆရာဖြစ်သင်တန်း"အား ရန်အောင်မြေ၊ ပါလျှံ (၁)၊ ဘုရားကြီးကျောင်းတိုက်၌ ပို့ချမှာဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၂ကျောင်းမှ သံဃာတော်များအပါအ၀င်၊ ဆရာ၊ ဆရာမ ၄၅ဦး နှင့် လေ့လာသူ ၄၀ဦး စုစုပေါင်း ၁၀၀ ၀န်းကျင်ခန့် တက်ရောက်ကြမှာဖြစ်ကြောင်း သိရှိရသည်။

ဆင့်ပွားသင်တန်း တက်ရောက်သော သံဃာတော်များအနေဖြင့် ပထမလတ် အောင်မြင်ထားရမှာဖြစ်ပြီး လူပုဂ္ဂိုလ်များအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားမှ တက်ရောက်နိုင်မှာဖြစ်ကြောင်း နှင့် အဆိုပါသင်တန်းအား ပြီးမြောက်သွားပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမှာဖြစ်ကြောင်း သိရှိရသည်။

ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ကူညီပံ့ပိုးလှူဒါန်းလိုသူ စေတနာရှင် အလှူရှင်များအနေဖြင့် အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်း၍ လှူဒါန်းနိုင်မှာဖြစ်ပါသည်။

ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် - 
ဦးကျော်သီဟ  -  ဥက္ကဌ 
မြန်မာဖုန်း ။     ။ 09-5240191, 084-51915
ထိုင်းဖုန်း။       ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။

ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။     ။ 09-5240377 
ထိုင်းဖုန်း။     ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။

ဦးနေဦး
မြန်မာဖုန်း။     ။ 09-250250735
ထိုင်းဖုန်း။     ။ 086-9187739
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »