Latest News

Dropdown Menu

Saturday, September 28, 2013

ဝမ်ကောင်းရပ်ကွက်အပိုင် အားခေရွာထဲတွင် ၀ါယာကြိုးမှတဆင့် ရှော့ဖြစ်၍ အသေးစားမီးလောင်

တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်အပိုင် အားခေရွာရှိ နေအိမ်လိုင်းခန်း တစ်ခန်းတွင် စက်တင်ဘာလ ၂၈ရက်၊ ညနေ ၅း၄၀မိနစ် အချိန်ခန့်က ဆိုင်ကယ်ကူရှင်ပေါ် တင်ထွန်းထားသော မီးချောင်းမှာ အပူလွန်ကဲမှုကြောင့် ရှော့ဖြစ်၍ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ နေအိမ်လိုင်းခန်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်အတွင်းရှိ ပန်းချီဆွဲ ကိရိယာများနှင့် စက္ကူများသာ ပျက်စီးလောင်ကျွမ်းခဲ့ကြောင်း နှင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။


"မီးလောင်တာက ကြီးကြီးမားမားမဟုတ်ပါဘူး၊ အိမ်ထဲမှာကလည်း အိမ်အသုံးအဆောင် ပစ္စည်းတွေ များများရှိတာ မဟုတ်ဘူးဆိုတော့ ပန်ချီးဆွဲတဲ့ ပစ္စည်းတွေလောက်ပဲ မီးလောင်သွား တာတွေ့ရတယ်"ဟု နေအိမ်ဘေးမှ အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »