Writen by
Tachileik News Agency
5:20 AM
-
0
Comments
တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ အိမ်အမှတ် ၄/၄၀တွင် စက်တင်ဘာလ ၁၈ရက်၊ နံနက် ၉နာရီခွဲ အချိန်ခန့်က ရုတ်တရက်ပျောက်ဆုံးသွားသော နှစ်နှစ်သား ကလေးငယ် မောင်စိုင်းလုံဝမ်းမှာ မသမာသူတစ်စု၏ ခိုးခံရမှုမဟုတ်ပဲ နေအိမ်အနီးရှိ ချောင်းထဲသို့ ရုတ်တရက်ပြုတ်ကျရာမှ ရေထဲမျောသွားတာဖြစ်နိုင်ကြောင်းနှင့် စက်တင်ဘာလ ၂၁ရက်နေ့က ရေချောင်းထဲတွင် မျောလာသော ကလေးအလောင်းအား အလုပ်သမားများ၏ တွေ့မြင်ချက်အရ အဆိုပါကလေးအလောင်းမှာ ပျောက်ဆုံးနေသော ကလေးဖြစ်နိုင်ကြောင်း တာချီလိတ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ထင်မြင်ယူဆရကြောင်း သိရသည်။{ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဒု-ရဲမှူး ရင်ရင်အေး နှင့် ကလေးမိဘများမှ ကလေးမျောလာသည့် ချောင်းအား ကြည့်နေစဉ် )
ပြောကြားလာသည်။
{ ဒု-ရဲမှူး ရင်ရင်အေး မှ ကလေး၏ ဖခင်အား နှစ်သိမ့်အားပေး }
"ကျွန်တော်တို့ အလုပ်လုပ်နေရင်း အဖွဲ့ထဲက တစ်ယောက်က ချောင်းထဲမှာ ကြောင်သေတစ်ကောင် မျောလာတယ်လို့ လှမ်းပြောတယ်၊ နောက်မကြာဘူး၊ ကလေးအလောင်း တစ်လောင်းမျောလာတယ်၊ ကလေးအလောင်းမျောလာပြီးတော့ ၀က်သေကောင် တစ်ကောင်မျောလာတယ်၊ ကလေးအလောင်းကို တွေ့မြင်လိုက်ရတဲ့ ကိုဓနု ပြောတာကတော့ ကလေးက ပက်လက်လေး မျောလာတယ်၊ အင်္ကျီက အနီကျားလေးနဲ့ ယောကျာ်းလေး၊ ကလေးအရွယ်က ၂နှစ်သားအရွယ်လောက်ပဲ ရှိလိမ့်မယ်၊"ဟု ကိုထွန်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ကလေးမျောလာတဲ့ ၂၁ရက်နေ့က ကျွန်တော့် အလုပ်သမားတွေက အကြောင်းကြားလာလို့ ကျွန်တော်က ၁၂နာရီလောက်မှ သိရတယ်၊ သိတာနဲ့ သက်ဆိုင်ရာကို အသိပေးခဲ့ပြီး ချောင်းဘေးကို လာကြည့်ခဲ့ပါတယ်။"ဟု ခြံဝန်းပိုင်ရှင် ဦးအောင်အောင် မှ ပြောပြသည်။
"အဖွဲ့အနေနဲ့ ရပ်ကွက်ရုံးတွေ၊ စာသင်ကျောင်းတွေမှာ ကလေးပျောက်တာရှိမရှိ ဆိုတာကို အဖွဲ့ခွဲပြီးတော့ လိုက်စုံစမ်းခဲ့ပါတယ်။ အဖွဲ့ခွဲပြီး စုံစမ်းချက်အရ မယ်ခေါင်ရပ်ကွက်ထဲက ၂နှစ်သားလေး ကိစ္စကလွဲရင် ဘယ်မှာမှ ကလေးပျောက်ခြင်းမရှိတာကို သိရပါတယ်၊ စက်တင်ဘာလ ၂၁ရက်နေ့က ကလေးမျောလာတာနဲ့ ပတ်သက်ပြီး ပျောက်သွားတဲ့ ကလေးအရွယ်နဲ့ မျောလာတဲ့ ကလေးရဲ့ အရွယ်နဲ့က တူနေတယ်၊ ၀တ်ထားတဲ့ အင်္ကျီအရောင်ကလည်း တူနေတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ ပျောက်သွားတဲ့ နှစ်နှစ်သားလေး မောင်စိုင်းလုံဝမ်း လို့ ထင်မြင်ယူဆရပါတယ်၊ ကလေးအလောင်းမျောလာတာကို တွေ့ရင် ဆယ်ထားပေးဖို့ကိုလည်း ၀မ်ပုံရဲခန်းကို အကြောင်းကြားထားပါတယ်"ဟု တာချီလိတ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ဒုတိယရဲမှူး ရင်ရင်အေးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။
"ကလေးက ခါတိုင်းဆိုရင် ဘယ်မှ မသွားဘူး၊ ဘယ်သူခေါ်ခေါ် မလိုက်ဘူး၊ ကျွန်တော်နဲ့ သူ့အမေ နဲ့ ခေါ်မှပဲ ရတယ်၊ ချောင်းထဲမျောပါသွားတယ်ဆိုတာကို မယုံနိုင်လောက်အောင်ကိုဖြစ်မိတယ်"ဟု ကလေး၏ ဖခင်ဖြစ်သူ ဦးစိုင်းစံညွှန့်လှိုင်မှ ပြောလာသည်။
{ ပြုတ်ကျသွားသည်ဟု ယူဆသော ချောင်း}
တာချီလိတ်မြို့တွင် ကလေးများ များစွာပျောက်ဆုံးနေလျှက်ရှိကြောင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်မှ နှစ်နှစ်သားအရွယ် မောင်စိုင်းလုံဝမ်းပျောက်နေမှုအား အခြေခံ၍ တာချီလိတ်မြို့တစ်မြို့လုံးတွင် ကလေးပျောက်ဆုံးမှု ၁၉ဦးအထက်ရှိလာကြောင်း နှင့် ကလေးအလောင်းများအား လွယ်စတုံအမှိုက်ပုံ တို့တွင် သွားရောက် ပစ်ထားကြောင်း၊ ထို့အပြင် ဆေးရုံရှိ ရင်ခွဲရုံသို့ မျက်လုံးမပါသော ကလေးအလောင်းများနှင့် ကျောက်ကပ်များမပါရှိတော့သည့် ကလေးအလောင်းများ ရောက်ရှိနေကြောင်း စသည်ဖြင့် ကောလဟလသတင်းများ ပျံ့နှံ့နေလျှက်ရှိသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬



Social Buttons