Writen by
Tachileik News Agency
9:09 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် မူးယစ်ဆေးဝါးများအပါအ၀င် ဗုံးသီး ၂၆၅လုံး နှင့် ကိုးလုံးကျည် ၁၂ တောင့် အား တရားခံနှင့်အတူ စက်တင်ဘာလ ၅ ရက်နေ့က တာချီလိတ်မူးယစ်(အထူးအဖွဲ့)မှ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။ကျိုင်းလပ်မြို့နယ်ခွဲရှိ ကျေးရွာတစ်ရွာရှိ နေအိမ်တစ်အိမ်အား တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က သတင်းရရှိမှုကြောင့် ၀င်ရောက်ရှာဖွေစစ်ဆေးကြရာ ကဖင်း ၃၀ ကီလို၊ ၄၀ မမ ဗုံးသီး ၂၆၅လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့် နှင့် ကျည်အိမ် ၆ခု တို့အား ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဆက်လက်၍ ဦးအားxxxxx၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ဦးအားxxxxxx၏ ဇနီးဖြစ်သူ ဒေါ်လိုxxxxx အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ ဂရမ် နှင့် ကိုးလုံးကျည် ၁၂ တောင့်တို့အား တွေ့ရှိရ၍ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးဝါး/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော တရားခံ အသက် ၂၆ နှစ်ရှိ အိုက်xxxxxx အား ကျိုင်းလပ်ရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ) အရ လည်းကောင်း၊ အသက် ၄၁ နှစ်ရှိ ဒေါ်လိုxxxxx နှင့် တိမ်းရှောင်လျက်ရှိသူ အသက် ၄၂ နှစ်ရှိ ဦးအားxxxxx တို့အား ကျိုင်းလပ်ရဲစခန်း မယ(ပ) ၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ လည်းကောင်း ဆက်လက်၍ အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


Social Buttons