Writen by
Tachileik News Agency
2:16 AM
-
0
Comments
တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်ရှေ့များတွင် သက်ဆိုင်ရာမှ အမှိုက်များ လာရောက်သိမ်းဆည်းမှု မရှိခြင်းမှာ ၁၀ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး၊ အချိန်ကြာမြင့်နေပြီဖြစ်သော အမှိုက်များကြောင့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများမှာ ကျန်းမာရေးထိခိုက်နိုင်သည်ဖြစ်သည့်အတွက် အချို့သော ရပ်ကွက်သူ ရပ်ကွက်သားများမှာ အမှိုက်သိမ်းဆည်းကြေးကုန်ကျငွေအား စုပေါင်းကောက်ခံပြီး အမှိုက်များစွန့်ပစ်နေရကြောင်း သိရသည်။"အမှိုက်ကား မလာတာ ၁၀ရက် ကျော်ပြီ၊ အိမ်ရှေ့မှာ အမှိုက်တွေပုံနေလို့ လောက်ကောင်တွေတောင် ပေါက်နေပြီ၊ လခကောက်ရင်တော့ တိတိကျကျကို ကောက်တယ်၊ အမှိုက်လာသိမ်းဖို့ကြတော့ နောက်ကျလွန်းတယ်"ဟု ၀မ်ကောင်းရပ်ကွက်ရှိ ဈေးသည် အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ခါတိုင်းဆိုရင်တော့ အမှိုက်ကားက နေ့စဉ်လာပါတယ်၊ အဲ့လို နေ့တိုင်းလာတော့ မသိသာဘူးပေါ့၊ ခု ၁၀ရက်နီးပါးကြာပြီဆိုတော့ အမှိုက်တွေပုံနေတာ ဘော်ဒါဆောင်အရှေ့မှာ အနံ့တွေကလည်း ထွက်နေတော့ လမ်းသွားလမ်းလာအပြင် ဘော်ဒါဆောင်ထဲက ကလေးတွေရဲ့ ကျန်းမာရေးပါ ထိခိုက်နိုင်တယ်"ဟု ပါလျှံ ၁ ရှိ ဘော်ဒါဆောင်အနီးမှ ဈေးသည်တစ်ဦးက ပြောကြားလာသည်။
"အမှိုက်ကားမလာတော့ အနံ့အသက်တွေကလည်း ကျန်းမာရေးထိခိုက်နိုင်လို့ အိမ်အနီးအနားက လူတွေနား ကားခစုပြီး ကိုယ့်ဘာသာပဲ အမှိုက်ပုံမှာ သွားစွန့်ပစ်နေရတယ်ဗျာ"ဟု မယ်ခေါင်ရပ်ကွက်ရှိ ရှမ်းအမျိုးသားတစ်ဦးမှ ပြောကြားလာသည်။
"အမှိုက်ပုံက ပြည့်နေလို့၊ စွန့်ပစ်ဖို့နေရာကလည်း မရှိတော့၊အမှိုက်လာမသိမ်းဖြစ်ကြတာပါ၊ အမှိုက်ပုံသစ်နေရာကလည်း စည်ပင်က လမ်းခင်းနေတာမပြီးသေးတော့ သွားလာလို့ အဆင်မပြေသေးဘူး၊ ဒါကြောင့် အမှိုက်လိုက်မသိမ်းဖြစ်တာပါ၊ ဒီနေ့တော့ စသိမ်းဖို့ လုပ်နေပါပြီ"ဟု အမှိုက်လိုက်သိမ်းသူ ကောင်လေးတစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
ပုံများအားကြည့်ရန်
39 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬



Social Buttons