Writen by
Tachileik News Agency
3:16 AM
-
0
Comments
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အခမ်းအနားအား တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ပြီးနောက် ပါတီဝင်များမှ စုပေါင်း၍ သွေးလှူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ကျင်းပရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်ဝင်းမှ ငွေရတုအခမ်းအနား ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသွားခဲ့ပြီး အဖွဲ့ချုပ်နာယက ဖြစ်သူ ဦးတင်ဦးမှ ပေးပို့လာသော သ၀ဏ်လွှာအား မြို့နယ် ဥက္ကဌ ဦးဌေးဝင်းမှ ဖတ်ကြားခဲ့သည်။ ယင်းနောက် ဗဟိုကော်မတီဝင် တာချီလိတ်ခရိုင် ဥက္ကဌ ဦးစိုင်းစွံဆိုင်းမှ သွေးလှူရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရသည်။
အခမ်းအနားပြီးမြောက်ပြီးနောက် ပါတီဝင်များက တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ သွေးလှူဒါန်းမှူများပြုလုပ်ကြသည်။
"သွေးလှူမဲ့ ပါတီဝင်တွေ စာရင်းပေးထားတာ အယောက် ၇၀ ကျော်ပေမဲ့လည်း ဆေးရုံမှာ လှူဒါန်းထားတဲ့ သွေးအိတ်တွေကို သိမ်းဆည်းနိုင်ဖို့ အအေးစက်ရဲ့ အခက်အခဲကြောင့် ပါတီဝင် ၁၈ ဦးပဲ သွေးလှူဖြစ်ခဲ့ကြပါတယ်"ဟု ပါတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ယင်းနောက် ငွေရတုအထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောက်တိုလတွင် ပြုလုပ်မည်ဖြစ်သော သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနေ့အတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းမှာဖြစ်ကြောင်းလည်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


Social Buttons