Writen by
Tachileik News Agency
9:31 PM
-
0
Comments
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၁၃) သင်တန်းဆင်းပွဲနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ၀တ်စုံများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁ရက် နံနက် ၈နာရီခွဲ အချိန်က တာချီလိတ်မြို့ရှိ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် ကူညီဆောင်ရွက်နိုင်ရန်နှင့် အရန်မီးသတ်တပ်ဖွဲ့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထည့်သွင်း၍ အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းမှ ထူးချွန်ဆုရရှိသူ သင်တန်းသား နှစ်ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ၀တ်စုံများကို ပေးအပ်လှူဒါန်းရာမှာ တာချီလိတ်မြို့နယ်
အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၇၅၈ဦး အတွက် ၀တ်စုံများကို ခရိုင်ရဲတပ်ဖွဲ့မှူး မှ ပေးအပ်ခြင်း၊ တာလေမြို့နယ်ခွဲ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၄၄ဦးအတွက် ၀တ်စုံများကို ခရိုင်ဥပဒေအရာရှိ မှ ပေးအပ်ခြင်းနှင့် ကျိုင်းလပ်မြို့နယ်ခွဲ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂၅ဦး အတွက် ၀တ်စုံပစ္စည်းများကို တာချီလိတ်ခရိုင် လ၀က ဦးစီးမှူးတို့မှ အသီးသီးပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
တာချီလိတ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၇၅၈ ဦး၊ တာလေမြို့နယ်ခွဲတွင် ၂၄၄ ဦးနှင့် ကျိုင်းလပ်မြို့နယ်ခွဲတွင် ၁၂၅ ဦး ရှိပြီး အဆိုပါသင်တန်းအား ၂၀၁၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့က စတင်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
27 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Social Buttons