Latest News

Dropdown Menu

Friday, November 1, 2013

မိုင်းယောင်းဂူ (ခေါ်) စွမ်ဟိန်းဂူ ဘက်စုံပြုပြင်ရေး မည်သူမဆို ပါဝင်လှူဒါန်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ် - မိုင်းယောင်း လမ်း  ( ၁၆.၂ )မိုင် ခန့် အကွာ တွင်
မိုင်းဖြတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ (၁၇)မိုင်ကျေးရွာမှ တဆင့်  (၅)မိုင်ခန့်
ဆက်လက်ပြီးသွားပါက စွမ်ဟိန်းဂူ (ခေါ်) မိုင်းယောင်းဂူ အား တွေ့ရှိရမည်ဖြစ်ပါသည်။

ယခုအခါ  အဆိုပါ စွမ်ဟိန်းဂူ ကို  မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိမလ
ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဂေါပကအဖွဲ့
တို့မှ စုပေါင်းပြီး လိုဏ်ဂူအတွင်း  ဓမ္မက္ခန္ဓာ ၈၄၀၀၀ ပြည့်မီသည်အထိ ရည်ရွယ်ပြီး တည်ထားနိုင်ရန်
ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။


ဂူအနီး ပတ်ဝန်းကျင်တွင်လည်း သဘာဝတောတောင်စိမ့်စမ်းများ စိမ်းလန်းစိုပြေသာယာလှပရေး
ဆောင်ရွက်ခြင်း၊ လမ်းများပြန်လည်ပြုပြင်ခြင်းနှင့် ဘုရားဖူးခရီးသွား ဧည့်သည်များ စည်စည်ကားကား
သိုက်သိုက်မြိုက်မြိုက် လာရောက် ဖူးမြော်ကြည်ညို နိုင်ရန်အတွက် သာသနာ့လိုဏ်ဂူအဖြစ် ရည်မှန်း
ဆောင်ရွက်လျက်ရှိပါသဖြင့် သဒ္ဒါကြည်လင်ပါရမီရှင်များအနေနှင့် ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းလိုပါက
အောက်ဖော်ပြပါနေရာများတွင် အလှူငွေနှင့် ဆောက်လုပ်ရေးပစ္စည်းများ   ဆက်သွယ်လှူဒါန်းနိုင်
ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

ဦးစိုင်းရီတစ်
  • အမှတ်(၆၆)၊ ကုန်းဆာရွာ၊မိုင်းလင်းအနောက်ကျေးရွာအုပ်စု
  • တာလေမြို့နယ်ခွဲ၊ တာချီလိတ်မြို့နယ်
  • ဖုန်း - ၀၉.၄၉၀၃၆၁၃၁၊ ၀၉.၅၂၄၀၉၃၉၊ ၀၈၆၄၄၂၅၁၆၆ (ထိုင်း)

ဦးစိုင်းစိုးသက်နိုင်
  • အမှတ်(၁၀)၊ တော်ဝင်လမ်း၊ ၀ိန်းကျောက်ကျေးရွာ၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်
  • ဖုန်း -၀၉.၅၂၄၀၁၁၂၊ ၀၈၁၂၈၈၇၁၈၅ (ထိုင်း)

ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »