Writen by
Tachileik News Agency
6:22 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ရှိ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ၂၄နာရီ လျှပ်စစ်မီး ရရှိရေးကိစ္စအတွက် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွှဲ ၃နာရီအချိန်က တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ကျေးရွာမီးလင်းရေးကော်မတီမှ တာဝန်ရှိသူတို့ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းနှင့် ဂေါက်ကွင်းသွားလမ်းဒေါင့်ရှိ မီးရေးလင်းရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။လက်မှတ်ရေးထိုးပြီးနောက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးချမ်းမြက "ယခုလို ကျေးရွာများအား အမှန်တကယ် မီးရရှိတော့မှာမို့ ကျေးရွာလူထုအနေဖြင့် ၀မ်းသာပီတိဖြစ်ကြမှာ သေချာပါကြောင်း" နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးနေဇာ မှ တဖန်ပြောကြားရာတွင် "ကျွန်တော့်အနေဖြင့် မြို့သွားပြီး အပြန် ညတိုင်း မီးလင်းတဲ့ ရွာတွေကို ကျော်ဖြတ်ပြီး မိမိတို့ရွာကိုရောက်တိုင်း၊ အမှောင်ထုကို ဖြတ်တိုင်း၊ စိတ်ထိခိုက်မှုတွေနှင့် ကြုံရကြောင်း၊ ဒီနေ့တော့ မေတ္တာတရားဖြင့် ကူညီပေးကြသည့် ပြည်နယ်လျှပ်စစ် ၀န်ကြီး ဦးစိုင်းထွန်းရင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များအပြင် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများကိုပါ ကျွန်တော့်အနေဖြင့် ၀မ်းသာလွန်းလို့ ဘယ်လို ကျေးဇူးတင်ရမလဲဆိုတာတောင် ပြောမပြတတ်တော့ပါဘူး"ဟု ပြောကြားလာကြောင်းကို မီးလင်းရေးကော်မတီမှ တဆင့် သိရှိရသည်။
မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများမှ မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ယခင်နှစ်ကပင် အစီအစဉ်များပြုလုပ်ထားရှိသော်လည်း မီးအားမလောက်ငှသဖြင့် ယာယီဆိုင်းငံ့ထားခြင်းသာဖြစ်ပြီး ယခုအခါမှာ ထိုင်းနိုင်ငံနှင့် အသစ်ထပ်မံ၍ လျှပ်စစ် ၄မီဂါဝပ် ရရှိရန် စာချုပ် ချုပ်ဆိုတော့မှာဖြစ်သည့်အတွက် ယခင် မီးလင်းပေးထားသော ကျေးရွာ ၃၅ရွာအပြင်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်ရှိ ၁၀ ရွာ၊ လွယ်တော်ခမ်း ၁ ရွာ နှင့် မိုင်းကိုးကျေးရွာအုပ်စုရှိ ၁၀ရွာကျော် တို့ကို ၂၄နာရီ လျှပ်စစ်မီးပေးပြီးပါက တာချီလိတ်မီးလင်းရေးကော်မတီမှ စာရင်းအရ ကျေးရွာပေါင်း ၅၀ ကျော်တော့မှာ ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
18 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Social Buttons