Writen by
Tachileik News Agency
7:36 AM
-
0
Comments
၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ပါကွေ့ကျေးရွာတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ဦးစီးသော ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားအနည်းအငယ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ဦးစီးသော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ပါကွေ့ကျေးရွာရှိ ဦးအားxx၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးအားxxx အား နေအိမ်အတွင်း အသင့်တွေ့ရှိနေရပြီး ၎င်း၏ အိပ်ခန်းအတွင်းသို့ ရှာဖွေရာ အိပ်ယာခင်းအောက်တွင် ပလပ်စတစ်ဗူးဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၆ ပြားအား တွေ့ရှိရ၍ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ တွေ့ရှိရသူ အသက် ၄၃ နှစ်ရှိ ဦးအားxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၃၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons