Latest News

Dropdown Menu

Wednesday, October 9, 2013

မယ်ယန်းကျေးရွာ၌ စိတ်ကြွဆေးပြား ၁၀၉၉ပြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်တွင် တာချီလိတ်မူးယစ်(အထူး)အဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား ၁၀၉၉ ပြားအား တရားခံနှင့်အတူ အောက်တိုဘာလ ၉ရက်၊ ညနေ ၅နာရီ မိနစ် ၅၀အချိန်ခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မယ်ယန်းကျေးရွာအတွင်းရှိ ဒေါ်နန်းxxxx၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက် စစ်ဆေးရှာဖွေရာ ဒေါ်နန်းxxxx အား အသင့်တွေ့ရှိရပြီး လုံခြုံစွာ ခြံစည်းရိုးခတ်ထားသည့် နေအိမ်အရှေ့ ၀ဲဘက် ခြံထောင့်မြေကြီးပေါ်မှ အနီရောင်သံဗူးအတွင်း မှိုင်းခံ စက္ကူဖြင့် ပတ်ထားသော အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်အတွင်း WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါသည့် ၅ ထုပ် နှင့် အစိမ်းရောင် "ရွှေပြည်နန်း" သနပ်ခါးဗူးအတွင်း ထည့်ထားသည့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၉၉ ပြား စုစုပေါင်း ၁၀၉၉ ပြားအား ရှာဖွေတွေ့ရှိရ၍ တရားခံဖြစ်သူ ဒေါ်နန်းxxx အား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၂၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »