Writen by
Tachileik News Agency
4:40 AM
-
0
Comments
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ၊ ၀မ်ကောင်မွန်ကျေးရွာ၌ မမစ(တခလ)မယ(ပ)၁၂၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အမှုမှ ကွင်းဆက်တရားခံ စိုင်းအော့၏ တွက်ဆိုချက်အရ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ ကျပ်တစ်သိန်းခန့် တန်ဖိုးရှိသည့် အိုက်စ်(ရေခဲ) ၅ ဂရမ်ခန့်အား တရားခံနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါအမှု၏ ကွင်းဆက်တရားခံဖြစ်သူ စိုင်းအော့မှ ၀မ်ကောင်မွန်ကျေးရွာနေ စိုင်းကောင်xxx မှာ စိတ်ကြွဆေးပြားများ ရောင်းချရန် ၎င်း၏ နေအိမ်၌ ပေးအပ်ခဲ့ကြောင်း ထွက်ဆိုသည့်အတွက် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ စိုင်းကောင်xxx၏ နေအိမ်အား ၀င်ရောက် ရှာဖွေစစ်ဆေးရာ စိုင်းကောင်xxအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်း၏ နေအိမ်ခြံဝင်းအတွင်း၌ ရပ်ထားသည့် ၎င်းပိုင်ကားအတွင်းသို့ ဆက်လက်ရှာဖွေရာ ကားစက်ခန်းအတွင်း၌ သိုဝှက်ထားရှိသည့် စတီးဂျိုင့်အတွင်းမှ ပလစ်စတပ်အကြည်ရောင်ဖြင့် ဖုံးအုပ်ထားရှိသော မက်သာအက်ဖီတမင် (အိုက်စ်) ၅ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရ၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့် တွေ့ရှိရသူ အသက် ၃၀ နှစ်အရွယ်ရှိ စိုင်းကောင်xxx အား မမစ(တခလ) မယ(ပ)၁၃၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons