Writen by
Tachileik News Agency
10:13 AM
-
0
Comments
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ၂၄နာရီ လျှပ်စစ်မီး ရရှိစေရန်အတွက် တာချီလိတ် မြို့နယ်မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများက ကျေးရွာအတွင်း သွားရောက်၍ လျှပ်စစ်မီးသွယ်တန်းနိုင်ရန် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က စတင်ပြီး ဓါတ်မီးတိုင်များအား ချထားပေးနေပြီ ဖြစ်ကြောင်း သိရသည်။မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဓါတ်မီးတိုင်များ ချထားပေးခြင်းမပြုမီ နိုဝင်ဘာလ ၄ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်တို့ အပါအ၀င် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးနေဇာ နှင့် အဖွဲ့ဝင်များ မိုင်းကိုးကျေးရွာအုပ်စုတွင် တွေ့ဆုံ ခဲ့ကြပြီး ကျေးရွာအတွင်း မီးရရှိရန်အတွက် ဓါတ်မီးတိုင်များ ချထားပေးခြင်း ကိစ္စနှင့် ကျေးရွာအတွင်းရှိ နေအိမ်များမှ လျှပ်စစ်မီးရလိုမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
မိုင်းကိုးကျေးရွာအုပ်စု၌ လျှပ်စစ်မီး သွယ်တန်းရန်အတွက် နိုဝင်ဘာလ ၈ရက်နေ့က ဓါတ်မီးတိုင်များအား သွားရောက် ချထားပေးနေသည်ကို ကျေးရွာသား/သူများက လျှပ်စစ်မီးရရှိတော့မည့် ပျော်ရွှင်မှုမျိုးဖြင့် ပြုံးရွှင် ပျော်မြူးနေကာ ကြည့်နေကြသည်ကို တွေ့ရှိရကြောင်း မီးလင်းရေးကော်မတီမှ သိရသည်။
မြို့နယ်မီးလင်းရေးကော်မတီမှ မိုင်းကိုးကျေးရွာအုပ်စု၌ မီးလင်းရေးကိစ္စအတွက် ဆောင်ရွက်ပေးနေသလို လွယ်တော်ခမ်းကျေးရွာအုပ်စု၌လည်း မကြာမီ လျှပ်စစ်မီးသွယ်တန်းပေးတော့မှာ ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ပိုမိုရရှိစေရန်အတွက် လာမည့် နိုဝင်ဘာလ ၂၀ရက်နေ့မှာ ထိုင်းနိုင်ငံ နှင့် ထပ်မံ၍ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

.jpg)
.jpg)
.jpg)

Social Buttons