Writen by
Tachileik News Agency
5:11 AM
-
0
Comments
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားမူးယစ်အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော် အဖွဲ့ နှင့် နမ့်ခမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျပ်ငွေသိန်းပေါင်း ၄၀ ၀န်းကျင်ခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၉၈၀ ပြားအား တရားခံနှင့် အတူ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၃ရက် နေ့လည် ၁၂နာရီ အချိန်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့ အမှတ် (၁၄)ရပ်ကွက်၊ လမ်းသွယ် ၉ လမ်းရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိသည့်အတွက် စစ်ဆေးမှုများပြုလုပ်ရန် သွားရောက်စဉ် မအားxxx အား ၎င်း၏ နေအိမ်ရှေ့တွင် YINXIANG-125 အမျိုးအစား တရုတ် ဆိုင်ကယ် အစိမ်းရောင်(လိုင်စင်မဲ့) နှင့်အတူ တွေ့ရှိရ၍ ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ရှိ တူးဘောက်အတွင်း၌ အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်း အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျှက် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြားများအား တွေ့ရှိရသည်။
တွေ့ရှိရသော ဆေးပြား ၁ ထုပ်လျှင် ၁၉၈ပြားပါ အထုပ် ၁၀ထုပ်ဖြစ်ပြီး အလေးချိန် ၁၇၈.၂ခန့်ရှိသည့် စုစုပေါင်း ဆေးပြား ၁၉၈၀ပြားအား ရှာဖွေတွေ့ရှိရာ အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ သက်ဆိုင်ရာ နမ့်ခမ်းရဲစခန်းမှ အသက် ၂၂ နှစ်ရှိ မအားxxx အား မူးယစ်(ပ) ၈၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons