Latest News

Dropdown Menu

Wednesday, November 13, 2013

တာချီလိတ် ရွှေတိဂုံစေတီရင်ပြင်၌ သံဃာတော်အပါး ၃၀၀ကျော်အား ဆွမ်းဆန်စိမ်း လောင်းလှူမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် ၁၅ ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ ရက် နံနက် ၆နာရီ အချိန်တွင် သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး ၃၀၀ ကျော်တို့အား တာချီလိတ်မြို့နယ်လုံးရှိ သဒ္ဒါထက်သန် စေတနာရှင် အလှူရှင်များက စည်ကားသိုက်မြိုက်စွာ  ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ရာ စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက် လောင်းလှူနိုင်ကြောင်း သိရသည်။


ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်က ဆွမ်းဆန်စိမ်း လောင်းလှူရန် အတွက် ပင့်ဖိတ်သံဃာတော် စာရင်းအရ ၃၀၀ ရှိသော်လည်း ဆွမ်းဆန်စိမ်း လောင်းလှူသည့်နေ့တွင် သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး ၃၅၀ ကျော်ရှိခဲ့ကြောင်း သိရသည့်အတွက် နိုဝင်ဘာလ ၁၅ရက်နေ့တွင် လှူဒါန်းမည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း သံဃာတော် နှင့် သီလရှင် အပါး ၃၅၀ ကျော် ကြွရောက်နိုင်ဖွယ် ရှိကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



« PREV
NEXT »