Writen by
Tachileik News Agency
3:40 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်ခရိုင်၊ မိုင်းဖုန်းဒေသ၌ ၂၀၀၄ခုနှစ် နောက်ပိုင်းက သီတင်းသုံးတော်မူခဲ့သော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ယခုအခါမှာ နှစ်ပေါင်း တော်တော်အကြာ မြန်မာပြည်မှ တဆင့် ထိုင်းနိုင်ငံ၌ သီတင်းသုံးတော်မူနေသည်ဖြစ်ရာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက် နံနက် ၉နာရီဝန်းကျင်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွလာတော့မည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရပြန်လည် ကြွလာမည့်နေ့တွင် ကြိုဆိုမှုများကို နဂါးနှစ်ကောင်ဆရာတော်မှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ အပါအ၀င် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများက စည်ကားသိုက်မြိုက်စွာ ကြိုဆိုပင့်ဆောင်မှာ ဖြစ်ပြီး မိုင်းဖုန်းဆရာတော်သည် မြန်-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားမှ တဆင့် ကြွလာမှာ ဖြစ်ကြောင်း သိရသည်။ထိုသို့ ကြွလာတော်မူသည့်နေ့တွင် မိုင်းဖုန်းဆရာတော်သည် နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ခေတ္တ ပူဇော်ခံမှာဖြစ်ရာ ဆရာတော်အား ဗုဒ္ဓဘာသာနွယ်ဝင်များ အနေဖြင့် သွားရောက် ဖူးမျှော်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons