Latest News

Dropdown Menu

Wednesday, November 13, 2013

တာချီလိတ်၌ မြန်မာ နှင့် တရုတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသမြို့တစ်ခုဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်ရှိ ရဲဗလခန်းမ၌ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၃ရက် နံနက် ၉နာရီအချိန်က မြန်မာ - တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ချစ်ကြည်ရေးခရီးနှင့် အပြန်အလှန် အစည်းအဝေးကျင်းပရေး အစီအစဉ်အား ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yan  Shangzhi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၁၂ဦး နှင့် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)၊ ဒုတိယရဲမှူးကြီးကျော်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၁၀ ဦးတို့  တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်များမှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားကြရန်  ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ ဆွေးနွေးပွဲအား နေ့လည် ၁၀နာရီ ၅၀ မိနစ် အချိန်ခန့်မှာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





« PREV
NEXT »