Writen by
Tachileik News Agency
9:10 AM
-
0
Comments
တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၂)ရှိ နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က)ကျောင်း၌ ကလေးငယ်များ၏ အနာဂတ်တွင် လိမ္မာယဉ်ကျေးပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် အထူးရည်ရွယ်ကာ နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က) ဓမ္မစကူးလ်ကျောင်းတော်အဖြစ် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့ နေ့လည် ၁၂နာရီအချိန်က ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။အဆိုပါ မိန့်ကြားမှုများအပြီးတွင် သင်ကြားခြင်းဆိုင်ရာ အခမ်းအနားအား သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော် အပါအ၀င် နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က)ကျောင်း ဆရာတော် နှင့် အ.ထ.က(တာချီလိတ်) ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က)ကျောင်းသည် မရှိနွမ်းပါး ကလေးသူငယ်များနှင့် မိဘမဲ့ ကလေးသူငယ်များအပြင် ရပ်ဝေးမြေခြားမှ ကလေးသူငယ်များအား ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးစာသင်ကျောင်း တစ်ခုဖြစ်ရာ အထက်ပါကိစ္စများနှင့်ပတ်သက်၍ လှူဒါန်းလိုသူများအနေဖြင့် ထိုင်းဖုန်း ၀၈၀၄၈၆၄၆၇၉ နှင့် ၀၈၄၆၁၃၂၁၀၇ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
26 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Social Buttons