Latest News

Dropdown Menu

Sunday, November 3, 2013

ပါလျှံ(၂) ဝေဠုဝန်ကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်ခွဲ ဖွင့်လှစ်ခြင်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၂)ရှိ ဝေဠုဝန်ကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်ခွဲအဖြစ် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၃ရက် နံနက်၈နာရီခွဲအချိန်က ဖွင့်ပွဲအခမ်းအနားအား တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်များ နှင့် ဓမ္မစကူးလ်ကျောင်းတော်ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့ဝင်များ အပြင် ဆရာ/မများ၊ ကျောင်းသား/သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ဝေဠုဝန်ကျောင်းတိုက် ဆရာတော်မှ သြ၀ါဒကထာ မိန့်ကြားတော်မူခြင်း နှင့် ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ဟောင်လိတ်ကျောင်းအုပ် ဆရာမကြီးမှ ရှင်းလင်းတင်ပြခြင်းအပြင်  တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးကျော်သီဟမှ ဓမ္မစကူးလ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသွားသည်။


ဝေဠုဝန်ကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်ခွဲအဖြစ် ဖွင့်လှစ်ရာတွင် စေတနာရှင် အလှူရှင်များမှ ပါဝင်ကုသိုလ်ယူကာ လှူဒါန်းကြပြီး မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း ပါဝင်၍ လုပ်အားဒါနပြုခဲ့ကြကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ကျောင်းတော်ခွဲများအဖြစ် လတ်တလောတွင် ပရဟိတအောင်မင်္ဂလာတောရကျောင်း နှင့် ရွှေတောင်တန်းပရဟိတကျောင်းတို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
ပါလျှံ(၂) ဝေဠုဝန်ကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်ခွဲ စတင်ဖွင့်လှစ်
19 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »