Latest News

Dropdown Menu

Sunday, November 3, 2013

သီရိမင်္ဂလာဆန်ဆိုင်းကျောင်း၏ ဓမ္မစကူးလ်ကျောင်းတော်ခွဲမှ ပထမအကြိမ်အဖြစ် သင်ကြားမှု စတင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်း၌ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်ဖြစ်သော ဓမ္မစကူးလ်ကျောင်းတော်ခွဲတွင် ပထမအကြိမ် သင်ကြားမှုအဖြစ် နိုဝင်ဘာလ ၃ရက် နံနက် ၈နာရီက စတင်၍  သင်ကြားပို့ချရာ ကလေးသူငယ် ကျောင်းသား ကျောင်းသူ ၁၇၀ဦးကျော် လာရောက်၍ သင်ယူခဲ့ကြကြောင်း သိရသည်။


ကလေးသူငယ်များအား စတင်၍ လိမ္မာယဉ်ကျေး သိမ်မွေ့စေရန်အတွက် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ အကူဆရာ/ဆရာမများက သင်ကြားပို့ချရာတွင် သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနရိန္ဒ မှ လိုက်လံကြည်ရှု့အားပေးတော်မူသည်။


"ကျောင်းပိတ်ရက်မှာ အိမ်မှာ အလကားနေတာချင်းအတူတူ ဓမ္မစကူးလ်ကို ပို့တော့ ကလေးတွေအတွက် တန်ဖိုးရှိတာပေါ့၊ အိမ်က သားလေးက ကျောင်းပိတ်တာနဲ့ မနက်ဆိုရင် ဂိမ်းဆိုင်မှာ ဂိမ်းသွားဆော့ဖို့ ပိုက်ဆံတောင်းတယ်၊ ခုတော့ ဓမ္မစကူးလ်မှာ လာပို့ထားလိုက်ရတော့ ကလေးအတွက် စိတ်ချသွားပါပြီ၊ သူတို့တွေ သင်ယူနေတာကို ကြည့်ပြီး ဖခင်တစ်ယောက်အနေနဲ့ပီတိဖြစ်မိတယ်"ဟု ဆန်ဆိုင်းရပ်ကွက်အတွင်းမှ ကလေး၏ ဖခင်တစ်ဦးမှ တာချီလိတ်အွန်လို်င်းသို့ ပြောပြသည်။


သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတွင် အပတ်စဉ် ဓမ္မစကူးလ်ကျောင်း ဖွင့်လှစ်နိုင်ရန်နှင့် ဖွင့်ပွဲအခမ်းအနား ဖြစ်မြောက်ရန်အတွက် အောက်ပါ အလှူရှင်များမှ မတည်၍ အလှူငွေများ ထည့်ဝင်ခဲ့ကြသည်ဖြစ်ရာ အများသူငှာ သာဓုခေါ်ဆိုနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါသည်။

ဆရာတော်ဘဒ္ဒန္တနရိန္ဒ 120000 ks
ဘဒ္ဒန္တပညာသာရ 20000  ฿
ဦးငယ်ငယ်ထွန်း+ဒေါ်နန်းနွဲ့ 2000   ฿
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ 1000   ฿
ဂေါပက နာယကအဖွဲ.များ 1000   ฿
ဦးစိုင်းဆိုင်နွန်း+နန်းရှဲန်လူ 30000 ฿
ဦးစိုင်းမြ+ဒေါ်နန်းကွယ် 6000   ฿
စိုင်းဆိုင်+နန်းကျောက် 10000  ฿
စိုင်းလာ+နန်းမို 10000 ฿
ဒေါ်ပါကျောက်+စိုင်းဆမ်တစ်+နန်းပိန်းဟွမ် 13500฿
ဦးအိုက်မန်း+နန်းဆိုင်ဆာ 10000 ฿
နန်းခမ်းဆွယ်+နန်းပွတ် 7000   ฿
ဦးစိုင်းယီ+နန်းပွတ် 6000   ฿
ဦးဆမ်တစ်(ပ်)+နန်းစံ 6000   ฿
ဦးကျမော(ခ)အားဖူ 6000   ฿
ဦးဆန်ယီ+ပါလာ 5000   ฿
ဦးစိုင်းဆမ်+နန်းနွဲ့(လင်း) 5000   ฿
ဦးစိုင်းဝဏ္ဏထွန်း+နန်းရှဲန်ယုန်း 5000   ฿
ကိုစိုင်း+နန်းမီးငယ် 5000   ฿
ဦးစံလင်းအောင်+နန်းအားရင် 5000   ฿
စိုင်းဆမ်အွန်+နန်းဖြူနှင်း 5000   ฿
စိုင်းဆမ်တစ်(ပ်)+နန်းနွဲ့ 5000   ฿
“၀”ရုံးပြင်ပဆက်ဆံရေး 5000   ฿
ပီစိုင်းယီ+ပါလာ 5000   ฿

ပုံများကိုကြည့်ရန်
သီရိမင်္ဂလာဆန်ဆိုင်းကျောင်း ဓမ္မစကူးလ်ကျောင်းတော်ခွဲ အလှူရှင်စာရင်း အပြည့်အစုံ
5 photos
သီရိမင်္ဂလာဆန်ဆိုင်းဓမ္မစကူးလ်ကျောင်းတော်ခွဲ၏ ပထမအကြိမ် သင်ကြားမှု
67 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »