Writen by
Tachileik News Agency
3:49 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ကလေးသူငယ်များ လိမ္မာယဉ်ကျေး သိမ်မွေ့စေရန်နှင့် ဘာသာတရား သိတတ်နားလည်စေပြီး စာရိတ္တပညာ ကောင်းမွန်စေရန်အပြင် ကလေးသူငယ်တို့၏ ကောင်းမွန်သော နောင်အနာဂတ်ကို မျှော်မှန်း၍ အထူးရည်ရွယ်သည့် အနေဖြင့် ဓမ္မစကူးလ်ကျောင်းတော်များ ဖွင့်လှစ်နေလျှက်ရှိရာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၄ရက် မွန်းလွှဲ ၁နာရီအချိန်က ဟောင်လိတ်ကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ ရှိ ပရဟိတအောင်မင်္ဂလာတောရကျောင်း၌ တာချီလိတ်မြို့နယ်၏ ခုနှစ်ကျောင်းမြောက်အဖြစ် အပတ်စဉ်တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်အား ဖွင့်ပွဲအဖြစ် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။ဆက်လက်၍ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးကျော်သီဟက ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းတင်ပြသွားပြီး ဓမ္မစကူးလ်ကျောင်းတော် ပရဟိတအောင်မင်္ဂလာ တောရကျောင်း ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်မှ ပရဟိတအောင်မင်္ဂလာတောရကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြောကြားသွားသည်။
ယင်းနောက် ပင့်ဖိတ်ထားသော ကျောင်းအသီးသီးမှ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချတရားတော် နာယူခဲ့ကြပြီးနောက် ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ခြင်းအဖြစ် ပရဟိတအောင်မင်္ဂလာတောရကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ပရဟိတအောင်မင်္ဂလာတောရကျောင်း ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်၊ ဦးထွန်းနေဦး(ဘုရင့်နောင်ဈေး) နှင့် "ကျော်"ကုန်စည်ပို့ဆောင်ရေး မှ ဦးအောင်ကျော်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ပရဟိတအောင်မင်္ဂလာတောရကျောင်းသည် ရပ်ဝေး၊ ရပ်နီးမှ တိုင်းရင်းသား ကလေးသူငယ်များနှင့် မိဘမဲ့ကလေးသူငယ်များ အပါအ၀င် စုစုပေါင်း ကလေးသူငယ် ၆၀ ကျော်တို့ကို ပြုစုပျိုးထောင်ပေးပြီး ပညာရေးတို့တွင် အဖက်ဖက်မှ ဖြည့်စွမ်းပေးနေသော ပရဟိတကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရှိရသည်။
ပရဟိတအောင်မင်္ဂလာတောရကျောင်းတွင် ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ရာတွင် ပါဝင်ကုသိုလ်ယူ လှူဒါန်းကြသော အမည်စာရင်းများကို သာဓုခေါ်ဆိုနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည်။
၁။ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး { အဆွေတော် (၂၄)နာရီ အထူးကုဆေးခန်း } မိသားစုမှ ဓမ္မစကူးလ်ယောဂီတဘက် အကြီး+အသေး အထည် ၁၀၀။
၂။ (ဦးပေါက်)+ဒေါ်ခင်နှင်းယု၊ သား ဦးအောင်ကျော်မြင့် + ဒေါ်နန်းစမ်ဖူး { "ကျော်" ကုန်စည်ပို့ဆောင်ရေး} မိသားစုမှ သံဃာတော် ၃၆ ပါးအတွက် အလှူတော်ငွေများ လှူဒါန်းခြင်း။
၃။ ဦးညီညီအောင် + ဒေါ်မိမိခမ်း မိသားစုမှ အလှူငွေ ၁၅၀၀ ဘတ်။
၎။ ဦးရဲမြင့်အောင် + ဒေါ်လှိုင်လှိုင် မိသားစုမှ ဓမ္မစကူးလ် ကျောင်းသားကိုင်စာအုပ် ၆၀ အုပ်။
၅။ ဦးခင်အောင် + ဒေါ်ခင်စန်းဝင်း မိသားစုမှ ဖိတ်စာ နှင့် ဗီနိုင်း။
၆။ ဦးဝင်းနိုင်ဦး + ဒေါ်ချိုချိုထွေး မိသားစုမှ ကလေးသူငယ်များအတွက် မုန့်၊ အအေး နှင့် သောက်ရေသန့်။
၇။ ဦးမောင်ချို + ဒေါ်အေးမိုးချမ်းသာ မိသားစုမှ လ္ဘက်-ပဲခြမ်း နှင့် ဘုရားပန်းများ။
၈။ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို { ဘုရင့်နောင်ဈေး } မိသားစုမှ ယောဂီဝတ်စုံ ၄၅စုံ နှင့် မတည်အလှူငွေ ဘတ် ၁၀၀၀၀။
၉။ ဦးအောင်ဝင်း + ဒေါ်နန်းရွတ် မိသားစုမှ နှိုးဆော်စာရွက်များ။
၁၀။ ဦးခိုင်မင်းထန်+ ဒေါ်မြင့်မြင့်ဌေး မိသားစုမှ ကျောက်ကျော ၁၅ ဘန်း။ စသည်တို့ကို လှူဒါန်းကြကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
45 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Social Buttons