Writen by
Tachileik News Agency
5:18 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း မီးသတ်တပ်ဖွဲ့စခန်း အဆောက်အဦမှာ အခိုင်အမာ မရှိသေးသည့်အတွက် မီးသတ်ကားများ ထားရှိနိုင်ရေးကိစ္စ နှင့် တပ်ဖွဲ့ဝင်များ နေထိုင်နိုင်ရန်အတွက် ၀န်ထမ်းလိုင်းခန်းကိစ္စများ အခက်အခဲဖြစ်နေရာ အဆိုပါကိစ္စများအား အဆင်ပြေစေရန်အတွက် ယခုအခါမှာ မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းအား ကျပ်ငွေသိန်းပေါင်း ၁၆၀၀ခန့် အကုန်အကျခံကာ ဆောက်လုပ်မည်ဖြစ်သည့် အတွက် စခန်းဆောက်မည့် နေရာတွင် အဆောက်အဦအား စတင် တည်ဆောက်တော့မှာဖြစ်ရာ ပန္နရိုက်အခမ်းအနားအား ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၄ရက် နံနက် ၁၀း၁၀ မိနစ်အချိန်ကပြုလုပ်ကျင်းပခဲ့ကြသည်။
ယခုတည်ဆောက်မည့် စခန်းနေရာ၏ တစ်ဘက်တွင် ချောင်းရှိသည့်အတွက် မိုးတွင်းအခါ၌ ရေလျှံပြီး စခန်းအတွင်း ရေများဝင်ရောက်နိုင်မှု မရှိစေရန် စနစ်တကျ တည်ဆောက်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါ ပန္နရိုက်အခမ်းအနားတွင် မှာကြားခဲ့သည်။
တာချီလိတ်မြို့နယ်ခွဲတွင် ဆောက်လုပ်မည်ဖြစ်သော မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းအား တာချီလိတ်မြို့ရှိ အိပ်မက်ရွာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်တာ ဖြစ်ပြီး အိပ်မက်ရွာ ဆောက်လုပ်ရေးကုမ္ပဏီသည် တာချီလိတ်မြို့နယ်တွင်းရှိ အစိုးရရုံးများ၊အဆောက်အဦများအပြင် အခြား မြို့နယ်များတွင်လည်း ဆောက်လုပ်ပေးနေလျှက်ရှိသော
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Social Buttons