Writen by
Tachileik News Agency
5:53 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံ အထက် ရွာ တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား ၃၈၉ ပြား အား တရားခံနှင့်အတူ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၄ရက် ညနေ ၅နာရီအချိန်က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ လွယ်စတုံအထက်ရွာရှိ ဦးအား
xxx ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးသည့်အခါမှာ ပန်းသီးဂိမ်းခုံအဟောင်းအတွင်း၌ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ ပြား ပါသည့် ၁ ထုပ်၊ ၁၃၉ပြား ပါသည့် ၁ ထုပ်နှင့် ၅၀ ပြားပါသည့် ၁ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၃၈၉ ပြားအား သော့ခတ်၍ သိုဝှက်သိမ်းဆည်းထားသည်ကို အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများ သိမ်းဆည်းခဲ့ကြပြီး တရားခံအား ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် အသက် ၆၇နှစ်ရှိ တရားခံဖြစ်သူ ဦးအားxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၄၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Social Buttons