Writen by
Tachileik News Agency
12:40 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၂၀၁၃ခုနှစ် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား၊ ရပ်ကွက်/ကျေးရွာ ကလပ်အသင်းပေါင်းစုံ ပိုက်ကျော်ခြင်း နှင့် ဘတ်စကက်ဘော ပြိုင်ပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ၁၆.၁၁.၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ မိုးလုံလေလုံ အားကစားရုံရှိ ရုံးခန်းတွင် လာရောက် စာရင်းပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။ပိုက်ကျော်ခြင်း နှင့် ဘတ်စကက်ဘောပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ကျင်းပပြုလုပ်မှာဖြစ်ရာ သတ်မှတ်ထားသည့် ပြိုင်ပွဲကာလတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နံနက်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီး ဘတ်စကက်ဘောပြိုင်ပွဲကို ညနေ ၅နာရီအချိန်တွင် စတင်၍ ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons