Latest News

Dropdown Menu

Wednesday, November 6, 2013

ဖန်မင်ကျေးရွာ အုပ်စု၌ မူးယစ်ဆေးဝါး လက်လီ ရောင်းချနေသူအား ဖမ်းဆီးအရေးယူ

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ကော့မတင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်၊ ဦးစီးသော ပူးပေါင်းအဖွဲ့တို့မှ စိတ်ကြွဆေးပြား ၂၃၈ ပြားအား ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ရက်  နေ့လည် ၁၂နာရီခွဲ အချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိသည်။


မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်၊ ဦးစီးသော ပူးပေါင်းအဖွဲ့တို့သည် ကော့မတင်ကျေးရွာရှိ မအားxxx၏ နေအိမ်၌ မူးယစ်ဆေးဝါးများ လက်လီရောင်းချနေကြောင်းကို သတင်းရရှိ၍ ၀င်ရောက်စီးနင်းရှာဖွေရာ ကာလတန်ဖိုးငွေကျပ် လေးသိန်းခုနှစ်သောင်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၂၃၈ပြားအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မအားxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၄၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



« PREV
NEXT »