Writen by
Tachileik News Agency
9:03 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်၊ အိမ်အမှတ်(၁၁/xxxx)၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် ဦးစီးသော ပူးပေါင်းအဖွဲ့တို့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ရက် ည ၁၁နာရီအချိန်ခန့်က စိတ်ကြွဆေးပြား ၂၇၀ ပြားအား ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိသည်။ထိုသို့ တွေ့ရှိရစဉ် အဆိုပါ ပူးပေါင်းအဖွဲ့တို့မှ ဆက်လက်ရှာဖွေရာ မောင်မျိုးxxx နှင့် မအားxx တို့ နှစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၃၀ ပြားကို တွေ့ရှိရပြီး အိမ်ရှင်ဖြစ်သူ ကိုအိုက်xx အိပ်သည့် နေအိမ် အိပ်ခန်း ဘီဒိုပေါ်မှ စိတ်ကြွဆေးပြား ၁၄၀ပြားအား ရှာဖွေတွေ့ရှိရာ မူးယစ်ဆေးဝါးများကို သိမ်းဆည်းခဲ့ကြပြီး အဆိုပါအိမ်တွင် ရောက်ရှိနေသူ နှစ်ဦးအား ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်မျိုးxxx နှင့် မအားxx တို့ နှစ်ဦးအပြင် တိမ်းရှောင်နေသူ ကိုအိုက်တို့ ၃ ဦးကို တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ) ၁၄၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons