Writen by
Tachileik News Agency
10:01 AM
-
0
Comments
၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ရက် ညနေ ၄နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုံးလုံကျေးရွာ၏ အရှေ့ဘက် ၁မိုင်ခန့်အကွာရှိ ဘာတီချောင်းအနီး ပတ်ဝန်း၌ သက်ဆိုင်ရာ နယ်မြေခံတပ်တို့ နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် တို့မှ ပူးပေါင်းဆောင်ရွက်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွဆေးပြားများ နှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအပြင် စိတ်ကြွဆေးပြားရိုက်စက် တို့အား ရှာဖွေ့တွေ့ရှိ သိမ်းဆည်းခဲ့ကြရာ အဆိုပါ မူးယစ်ဆေးဝါးပစ္စည်းများမှာ ပိုင်ရှင်မဲ့ပစ္စည်းများဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ဖုံးလုံကျေးရွာ၏ အရှေ့ဘက် ၁မိုင်ခန့်အကွာရှိ ဘာတီချောင်း အနီးတ၀ိုက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆက်နွယ်မှုများရှိနေကြောင်း သတင်းရရှိ၍ သွားရောက် ရှာဖွေရာ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြား၊ စိတ်ကြွဆေးပြား ပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ပန်းရောင်ဆေးမှုန့် ၁၀.၃၆ ဂရမ်၊ စိတ်ကြွဆေးပြား ပြုလုပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင် အခဲ ၂.၆ ဂရမ်၊ အနံ့ဆေးရည် ၃၅၀ မီလီလစ်တာပါ ၁ပုလင်း၊ အရောင်ဆေးရည် ၀.၅ လီတာပါ ၁ဗူး နှင့် စိတ်ကြွဆေးပြားရိုက်စက် ၂ လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰
~~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Social Buttons